တစ်စုံတစ်ယောက်ကများ
အချစ်ဆိုတာ ဘာလဲလို့ မေးလာခဲ့ရင်
မင်းရဲ့ ဖြစ်တည်မှုကို ကိုယ်ညွှန်ပြမယ်အချစ်ဆိုတာ
စောင်းငဲ့ကြည့်တဲ့အချိန် ရင်ခုန်မိတဲ့ မျက်ဝန်းတစ်စုံဖြစ်ကြောင်း
ဆုပ်ကိုင်မိမလို လှမ်းလိုက်မိတဲ့ လက်ချောင်းလေးတွေ ဖြစ်ကြောင်း
သူ့ဘေးရောက်တိုင်း အမှတ်တမဲ့ ပြုံးမယောင်ဖြစ်သွားတဲ့ နှုတ်ခမ်းလေးတွေ ဖြစ်ကြောင်း
ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းတွေ ထုံထိုင်းသွားစေတဲ့ မသိစိတ်တစ်ခု ဖြစ်ကြောင်း
အကာကွယ်မဲ့နေတဲ့ ပကတိဝိဉာဉ်တစ်ခုဖြစ်ကြောင်း
မင်းက ပြောပြပေးပါ။NicoleHada
7:11PM
200111#စိတ်ဖောက်နေလို့ရေးတဲ့စာ 😭