တိမ်မျှင်တွေကို ဖမ်းဆုပ်သလို
အိပ်မက်တွေကို ဖက်တွယ်သလို
ဘာမှ မစဉ်းစားတတ်တဲ့ စိတ်တစ်ခုဆီ
အပြေးပြန်သွားချင်တယ် ။ကောင်းကင်ကြီးပြာနေသလို
မြက်ခင်းတွေစိမ်းနေသလို
နေရောင်ခြည်နွေးနေသလို
အရာအားလုံးက ပုံမှန်အတိုင်း လည်ပတ်နေတဲ့
နေ့စွဲတွေဆီ လည်ပြန်ကြည့်ရင်းဆူညံနေတဲ့ ဝန်းကျင်ကြားက တိတ်ဆိတ်နေတဲ့ အသံတွေကနေ
တိတ်ဆိတ်နေတဲ့ဝန်းကျင်ကြား ဆူညံနေတဲ့အသံတွေအဖြစ်
နေ့တွေ ညတွေဟာ တဖြည်းဖြည်း ရင့်ကျက်လာခဲ့..ပျောက်ရှသွားတဲ့ ကိုယ့်ကိုယ်ကိုရော ပြန်ရှာတွေ့ရဲ့လား
အိမ်ရှေ့လမ်းမှာ လေပြည်တွေ ဖြတ်တိုက်သွားတဲ့ ညနေခင်း
စက်ဘီးတစ်စီးနဲ့ ကလေးနှစ်ယောက်
ခိုးခိုးခစ်ခစ် ရယ်သံတွေဟာ လွင့်ပျံလို့
အတွေးနဲ့တင် မျက်ရည်ကျ
ပြန်မရနိုင်တဲ့ ဘဝတွေပါပဲ။တနေ့နေ့....
အရာအားလုံး ဉပက္ခာပြုလွှတ်ချနိုင်ခဲ့တဲ့တစ်နေ့
ပြန်ပြေးသွားချင်ခဲ့တဲ့ တစ်စုံတစ်ယောက်ဆီ..
ပြန်ပြေးသွားခွင့်မရတော့တဲ့ တစ်စုံတစ်ယောက်ဆီ ..ပျောက်ရှသွားတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်ရှာမတွေ့ခဲ့...။
7:43 PM
12th Jan 2024