#Unicode
မိုးလင်းလို့နေဖင်ထိုးရုံမက နေပါဖင်ထဲဝင်တော့မည်ဖြစ်သော်လည်း ဦးနေခန့်မောင်နဲ့ သားတော်မောင်တို့က မထကြသေးပေ။
သော်သော်ကဒီနေ့ Duty offထားတာမို့ဆေးရုံမသွား ကိုကိုကလည်းနားရက်ဆိုတော့ ဒီနေ့အိမ်မှာလူစုံတက်စုံပဲ~~~မနက်စောစောလေးတည်းကထပြီး ဟိုနှစ်ယောက်နိုးရင်စားဖို့ဆိုပြီး ဟိုးလမ်းထိပ်က ကိုကိုကြိုက်တဲ့ မုန့်ဟင်းခါးနဲ့ သားကြိုက်တဲ့ အစုံသုတ်ကိုသွားဝယ်ရသေးသည်။
ကိုယ်ကသာမနက်စာဆိုပြီးသွားဝယ်နေတာ ဟိုသားအဖ ထတဲ့အချိန်နဲ့ဆို နေ့လည်စာပါပေါင်းစားလို့ရနေပြီ သူတို့လိုကိုယ်ပါလိုက်အပျင်းကြီးမနေနိုင်တော့ ကိုယ်ကပဲအစစအရာရာလိုက်လုပ်ပေးနေရတာသာကြည့်တော့ ~~~အခုတလော သော်သော်ကိုယ့်ကိုယ်ကို မိန်းမကြီးလိုဖြစ်နေသည်ဟုခံစားနေရသည်။ ဒီအိမ်မှာနေရာတကာ ဟိုနေရာလည်းသူမပါရင်မပြီး ဒီနေရာလည်းသူမပါရင်မပြီးနဲ့ အခုလည်းကြည့် ဂျူတီမရှိလို့ အေးဆေးလေးနှပ်မလို့ဟာ အပျင်းသားအဖနိုးလာရင် ဘာမှစားစရာမရှိမှာဆိုးလို့ မနေနိုင်မထိုင်နိုင် breakfastကိုထပြီးစီစဉ်ပေးနေရပြန်ပြီ။ ဘယ်သူမှလည်းမခိုင်းပဲကိုယ့်ဟာကိုယ်လုပ်ပေးနေရင်းနဲ့ကို စိတ်အချဉ်ပေါက်လာလို့ ဆောင့်ဆောင့်နဲ့ အပေါ်ထပ်တက်သွားပြီ တစ်ခန်းဝင်တစ်ခန်းထွက်နဲ့အိပ်မောကျတေဆဲသားဖနှစ်ယောက်ကို ဖင်တွေချည်းလိုက်ရိုက်ပစ်လိုက်သည်။
"ထ ထကြတော့ ဘာလဲ နေကဖင်ထိုးရုံမကဘူး ဖင်ထဲပါဝင်တော့မယ် အချိန်နဲ့အခါနဲ့စားဖို့သောက်ဖို့မရှိဘူး မနှိုးမချင်း ပေတေပြီးအိပ်နေကြတယ်"
ဆူညံပူညံနဲ့တစ်ခန်းဝင်တစ်ခန်းထွက်လိုက်နှိုးနေတာတောင် နားကိုခေါင်းအုံးနဲ့ပိတ်ပြီး အိပ်နေကြသေးသည်။
"အေးနှစ်ယောက်လုံး ဆက်အိပ်နေရင် ငါစားစရာတွေ သွန်ပစ်လိုက်တော့မယ်
သားစေ မင်းကိုဖေဖေပြောထားတယ်နော် ဒီနေ့ဂိုက်ဆရာလာပါမယ်ဆိုတာကို ဘယ်အချိန်ရှိနေပြီလဲ အထက်တန်းကျောင်းသားက အဲ့လိုအပျင်းကြီးနေလို့မရဘူးလေ ထတော့ သွားမျက်နှာသစ်တော့ "
YOU ARE READING
နှလုံးသားဖြင့်ရစ်နှောင်သော{Complete}
Romance#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်...