သားရဲ့ ဆန္ဒအရ ရွှေတိဂုံစေတီတော်ကြီးမှာ ရွှေသင်္ကန်းကပ်ခြင်း ပန်းလှူ ရေချမ်းကပ် ခြင်းစသဖြင့်ကောင်းမှု အဖြာဖြာကို သားရဲ့အဖွားဖြစ်သူအတွက်ရည်ရွယ်ရည်စူးကာ ပြုလုပ်ပေးခဲ့ကြပါသည်~~~
ထိုသို့ပြုရသော ကောင်းမှုမင်္ဂလာကြောင့်လည်း ဘဝအဆက်ဆက် ဒီမိသားစုလေးနဲ့ပြန်လည်ဆုံဆည်းခွင့်ရနိုင်ပါစေဆိုတဲ့ရင်တွင်း ဆုတောင်းလေးလည်း ပြုခဲ့ပါသေးသည်~~~
သားဟာ မပြည့်စုံတဲ့မိသားစု သေးနုပ်တဲ့ရွာငယ်လေးတစ်ခုမှာ နေခဲ့ရသော်လည်း လိမ္မာရေးခြားရှိပြီး ဘာသာတရားကိုလည်း အရွယ်နဲ့မှမလိုက် အရမ်းရိုသေကိုင်းရှိုင်းလွန်းလှသည်....
ဩကာသအစချီတဲ့ဘုရားရှိခိုးကိုတောင် အခုတည်းကအလွတ်ရနေပေပြီ...စောင့်ကြောင့်လေးထိုင်လို့လက်အုပ်ချီကာ ဩကာသကန်တော့ကျိုးကို အသံကျယ်ကျယ်နဲ့ရွတ်ဆိုနေတဲ့ ပုံလေးကိုကြည့်ပြီး သော်သော်နဲ့ကိုကို့မှာ သဘောကျစွာရယ်မောမိသည်...
ဘယ်လောက်ထိချစ်ဖို့ကောင်းသလဲဆို ဘုရားဖူးသူတစ်ချို့ကတောင် သားကိုသမင်လည်ပြန်ကြည့်ပြီး ပြုံးရယ်ကာချီးမွမ်းထောပနာပြုသွားကြသေးသည်....သားရဲ့နေ့နံဖြစ်တဲ့စနေထောင့်မှာရေသပ္ပာယ်တော့လည်း ကိုကိုကသားကိုချီလို့ သားရဲ့လက်နဲ့ကိုယ်တိုင် ရေသပ္ပာယ်စေတယ်....
သော်သော်ကတော့ဘုရားအောက်မှာတည်းကဝယ်လာတဲ့ နှင်းဆီပန်းတွေကို ကပ်လှူပြီး ဒီမိသားစုလေး သက်ဆုံးတိုင် ပျော်ပျော်ပျော်ရွှင်ရွှင်နေသွားရပါလိုကြောင်း ဆုတောင်းပြုလေရဲ့....သားဖြစ်ချင်တဲ့အတိုင်း အဖွားဖြစ်သူအတွက်ရည်စူးလို့ ရွှေသင်္ကန်းလည်းလှူပေးခဲ့သည်....
အဖွားအတွက်ရွှေဆိုင်းလှူရင်း ကိုယ့်မိသားစုအတွက်ပါ လှူတော့ အလှူခံဖြတ်ပိုင်းရေးတဲ့ အစ်မက နာမည်တွေကိုပုဒ်မချပြီးတန်းစီရေးသည်။ဂေါပကာဦးလေးကလည်းဆုပေးရှာပါတယ်....'အခုလိုလှူဒါန်းရသောအကျိုးကြောင့် သားတို့ ညီအစ်ကိုသုံးယောက် မကြောင့်မကြမတောင့်မတရသောဘဝကိုရရှိပိုင်ဆိုင်နိုင်ပြီး စိတ်ချမ်းသာကိုယ်ကျမ်းမာစွာနေနိုင်ကြပါစေ ရုပ်လည်းအခုထက်ပိုပြီးချောကြပါစေဗျာ ' တဲ့လေ....
YOU ARE READING
နှလုံးသားဖြင့်ရစ်နှောင်သော{Complete}
Romance#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်...