Part 7

2.9K 152 2
                                    

မနက်ခြောက်နာရီထိုးလို့မျက်လုံးတွေကအလိုလိုပွင့်ပြီးနိုးလာပေမယ့် သော်တာဦးလေးတစ်ယောက် အိပ်ယာကမထနိုင်ရှာပေ။ တစ်ကိုယ်လုံးညောင်းကိုက်ပြီး နာကျင်နေတာကြောင့်အိပ်ယာထဲကမထသေးဘဲ အနောက်ကနေတင်း နေအောင်ဖက်ထားတဲ့ကိုကို့ရင်ခွင်ထဲပုပြီးပြန်မှိန်းနေလိုက်သည်။

*တော်သေးတယ် ဒီနေ့Day Dutyက ကိုးနာရီခွဲနောက်ပိုင်းမှဝင်ရမှာမို့လို့*

သော်သော်စိတ်ထဲကတွေးရင်းသက်ပြင်းချလိုက်သည်။

*ကိုကိုစုတ် သူများကိုမညှာမတာ အဟွာပြုထားပြီးသူကျတော့ သိုးနေအောင်အိပ်နေတယ်*

သော်သော်စိတ်ထဲကမာန်မဲလိုင်ရင်း အသဲယားလာပြီး ဖက်ထားတဲ့ကိုကိုလက်ကိုဆွဲစိတ်ပစ်လိုက်တော့ ကိုကိုကအင်းကိုသံရှည်စွဲပြီးသော်သော်ကိုပိုတင်းအောင်ဖက်ပစ်လိုက်သည်။

သော်သော်နဲ့ကိုကိုကတူတူနေတာ၂နှစ်ကျော်ပြီဖြစ်တာတောင် sexကိစ္စကိုတော်တော်ဆင်ခြင်ဖြစ်ကြပါသည်။ ကိုယ်တွေလည်းလူထဲကလူဖြစ်တာကြောင့်တစ်ခါတစ်လေတော့လည်းသွေးသားဆန္ဒအရ ဒီလိုကိစ္စမျိုးတွေဖြစ်လာ‌တာတော့ရှိတာပေါ့။ ဒါတောင်ကိုကိုက သော်သော် ဆန္ဒမပါဘဲ အတင်းအဓမ္မဆက်ယှက်တာမျိုးမလုပ်။သော်သော်ခွင့်ပြုမှသာ ရယူတတ်တာ။ တစ်ခါတစ်ခါကျတော့လည်းကိုကိုကို့သော်သော်သနားမိပါသည်။ ဝိုင်းဝိုင်းလည်နေတဲ့အမျိုးသမီထုကြီးကို လျစ်လျူရှုပြီး ဘာမဟုတ်တဲ့ကိုယ့်လိုယောက်ျားလေးတစ်ယောက်ကိုချစ်ခဲ့ ရွေးချယ်ခဲ့တဲ့အတွက် သူများတွေလို ပျော်ပျော်ပျော်ရွှင်ရွှင်နဲ့မိသားစုဘဝလေးလည်းမထူထောင်နိုင် သားသမီးတွေမွေးပြီးအိမ်ထောင်ဦးစီးဆိုတဲ့ဂုဏ်ပုဒ်ကိုလည်းမရတဲ့အပြင် မိသားစုအသိုင်းအဝိုင်းကပါဖယ်ကျဉ်ခံထားရသေးသည်။ ပြီးတော့ ကိုယ်ကလည်းသူလိုယောကျာ်းတစ်ယောက်ဖြစ်နေပြန်တော့ သွေးသားဆန္ဒတွေကိုလည်းပြည့်ဝအောင်မဖြည့်ဆည်းပေးနိုင်ပြန်ဘူး။ကိုယ်ကိုတိုင်ကဆရာဝန်တစ်ယောက်ဖြစ်နေတော့ ကျန်းမာရေးအခြေအနေကိုလည်းထည့်စဉ်းစားရသေးတယ်။ အမျိုးသားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးက အမြဲတမ်းလုပ်လို့ကောင်းတဲ့အရာမဟုတ်။ ဆင်ဆင်ခြင်ခြင်လေးလည်းတတ်နိုင်သမျှနေရတယ် မဟုတ်ရင်ကျန်းမာရေးတွေပါထိခိုက်လာမှာလေ။ကိုကို့ကလည်းအဲ့လိုကိစ္စမျိုးဆို ဘယ်တော့မှအတင်းမတောင်းဆိုပါ သော်သော်အတွက်စဉ်းစားပြီးသူကိုယ်တိုင်ဆင်ခြင်ပါသည်။ဒါကြောင့်လည်းအတူတူနေလာတဲ့နှစ်နှစ်ကျော် သုံးနှစ်အတွင်း sexကိစ္စကလက်ချိုးရေလို့တောင်ရပါသည်။
ညကတော့ သော်သော်ရော ကိုကိုရော နှစ်ယောက်လုံးကစိတ်ပါနေလို့အတူတူနေဖြစ်သွားတာ။ ဒါတောင်ကိုကိုက ‌သော်သော့်ကိုတော်တော်လေးညှာပါတယ် ကိုကိုလည်းအထိအခိုက်မခံ အပင်ပန်းမခံနိုင်တဲ့သော်သော်အကြောင်းသိလို့သူစိတ်သူထိန်းရှာပါသည်။ အခုတောင် တစ်ကိုယ်လုံးနာကျင်ကိုက်ခဲနေလို့လှုပ်တောင်မလှုပ်ချင်ဘူး။ ဆေးရုံသွားခါနီးမှပဲထတော့မယ် မနက်စာလည်းမပြင်ပေးနိုင်တော့ဘူး ကိုကိုလည်းအဆင်ပြေသလိုသာစားတော့။ ကိုကိုထဖို့ နာရီကို ခုနှစ်နာရီခွဲလောက်alarm ပေးထားလိုက်ပြီိးကိုကိုရင်ခွင်ထဲပြန်ဝင်ပုရင်းက သော်သော်မှေးခနဲအိပ်ပျော်သွားရှာပြန်သည်။

နှလုံးသားဖြင့်ရစ်နှောင်သော{Complete}Where stories live. Discover now