A/N ~~ ဒီအပိုင်းကစလို့ ခန့်မှန်းခြေနောက်သုံးလေးပိုင်းလောက်အထိက သော်သော်နဲ့ကိုနေခန့်တို့ရဲ့Pastကိုနည်းနည်းလောက်အကျဉ်းချုံးရေးပါ့မယ်
✓✓✓✓✓✓✓✓✓✓✓✓✓✓✓
အချိန်အားဖြင့်၁၁နာရီခွဲလောက်ရှိနေပေမယ့် သော်သော်တို့ရက်ကွက်တစ်ခုလုံးဘယ်အိမ်မှမီးမပိတ်ကြသေးသလို ဘယ်သူမှလည်းအိပ်ကြဦးမည်မဟုတ်။ မအိပ်ဆို ဒီနေ့က သမိုင်းဝင်နေ့လို့ပြောရလောက်တဲ့ဆယ်တန်းအောင်စာရင်းထွက်မယ့်နေ့ဖြစ်နေတာကိုး။ ဒီရက်ကွက်မှာတင်မဟုတ်တစ်တစ်နိုင်ငံလုံးက မျှော်လင့်တကြီးနဲ့စောင့်နေကြတာမဟုတ်လား။ ကိုယ့်အိမ်မှာဆယ်တန်းဖြေထားတဲ့ကလေးမရှိရင်တောင်ကိုယ့်ရက်ကွက်ထဲမှာဘယ်သူသားသမီးကအောင်တယ် ကျတယ် ဘယ်သူကဖြင့်ဂုဏ်ထူးထွက်တယ် သိချင်လို့ထိုင်ပြီးနားစွင့်နေကြတဲ့လူတွေလည်းရှိတယ်ဆိုတော့ တစ်ရက်ကွက်လုံးကွက်စိကွက်စိနဲ့ဆူညံနေကြသည်။
>>>>>>>>>>
ဦးကျော်ကျော်ဦးနဲ့ဒေါ်စိုးစိုးသော်တို့နှစ်တော့အိမ်ထဲမှာရှေ့လျှောက်လိုက်နောက်လျှောက်လိုက် ဘုရားရှိခိုးပြီးဆုတောင်းလိုက်နဲ့ ညနေကတည်းကအခုထိမအားပေ။ သူတို့ကိုကြည့်ပြီး အိမ်မှာအလုပ်လုပ်တဲ့ဒေါ်အေးတောင်မျက်စိနောက်လာပြီ။
ထိုအချိန်မှာပဲ.............."မေမေရေ မေမေ မေမေ "
"ဖေဖေရေ ဖေဖေကြီးရေ "အောင်စာရင်းသွားကြည့်ပြီးပြန်လာတဲ့ယမုံနဲ့သော်သော် တစ်ရက်ကွက်လုံးလော်စပီကာမလို အောင်ကြားရတဲ့အသံနဲ့အော်ဟစ်ပြီးဝင်လာတဲ့မောင်နှမနှစ်ယောက်။ စက်ဘီးတောင် ဒေါက်မထောက်နိုင် အတင်းပစ်ချပြီးပြေးဝင်လာသည်။
"မေမေနဲ့ဖေဖေ"
"သော်သော်Dဘယ်နှစ်လုံးလည်းသားငယ်"
သိလိုစိတ်နဲ့ဆီးပြီးမေးတဲ့ ဖေဖေ သော်သော့်လို allDမှန်းခံရတဲ့ကျောင်းသားအနေနဲ့ကျမှာတော့မဟုတ်လို့ ဂုဏ်ထူးကစမေးခြင်းဖြစ်သည်။ allDဖြစ်မဖြစ်ကတော့သူ့ကံပေါ့ ဆယ်တန်းဆိုတာ ဉာဏ်ကြီးပဲအားကိုးလို့မရ ကံနဲ့လည်းဆိုင်သေးတယ်လေ။
(A/Nကိုယ်တောင် သုံးလုံးလောက်ထွက်မယ်ထင်တာနှစ်လုံးပဲပါတယ်🤧🥴)
YOU ARE READING
နှလုံးသားဖြင့်ရစ်နှောင်သော{Complete}
Romance#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်...