ချစ်လှစွာသော စီနီယာမမကြီးတို့ရဲ့ မေးခွန်းပေါင်းသောင်းခြောက်ထောင်အား အီလည်လည်နဲ့ အနှောင့်အသွားမလွတ်အောင်ဖြေရင်းနဲ့နောက်ဆုံးမှာတော့ လိုရာအရပ်သို့ဆိုက်ရောက်ခဲ့သည်။
<<<<<<<<<<<
အနှောင့်အသွားမလွတ်ဖြေတယ်ဆိုတာကိုသိချင်ကြတယ်ဟုတ်~~~
သေယ်တာဦးဆိုတာ ဉာဏ်များလွန်းတဲ့ဆရာဝန်ပေါက်စလေ။ ဟိုမတ်မတ်တွေရဲ့စနိုက်ခြင်းဘက်ကိုဦးတည်နေတဲ့မေးခွန်းတွေကို ရှောင်လင်သိုင်းမလိုပဲကွေ့ကာပတ်ကာနဲ့ ဟိုလိုလိုဒီလိုလိုဖြစ်အောင်ဖြေပစ်လိုက်တာပေါ့
ဟိုက 'သော်တာဦးရဲ့အကိုက သူ့ညီလေးကိုအရမ်းဂရုစိုက်တာပဲနော်'ဆို
ကိုယ်က 'ဟုတ်တယ် ကိုကိုကကျွန်တော်ကိုအရမ်းချစ်တာ ချစ်လွန်းလို့ဖူးဖူးမှုတ်လွန်းကြာတော့လူတောင်အအေးပတ်ချင်နေပြီ ဟီးးဟီးး'
'ကိုနေခန့်မောင်ကရည်းစားမရှိဘူးလား'
'မရှိပါဘူး ကျွန်တော်တစ်ယောက်လုံးရှိနေတာရည်းစားမှမလိုတာ'
'သော်တာဦးအကိုကအရမ်းချောတာနော် စိတ်သဘောထားလည်းကောင်းမဲ့ပုံပဲ သူနဲ့လက်ထက်ရတဲ့သူကတော်တော်ကံကောင်းမှာဟင်းဟင်း'
အမလေးတွေ့တာမှနာရီပိုင်းပဲရှိသေးတယ် တွေးလိုက်ကျတာလက်တောင်ထပ်နေပြီ
စိတ်ထဲမှာတော့လွန်စွာမှအမြင်ကပ်နေပေမယ့် စိတ်နဲ့ဆန့်ကျင်စွာထွက်လာတဲ့အဖြေက
'ဟုတ်တယ်ကိုကိုကအရမ်းကောင်းတဲ့သူနားလည်မှုရှိပြီးအရာရာမှာပြည့်စုံလွန်းတဲ့ယောကျာ်းကောင်း အဲ့လိုလူရဲ့အချစ်ကို ရတဲ့သူကတကယ်ကိုကံကောင်းတာ'ကိုယ့်ကိုကိုယ်တွေးမိပြီးပြုံးစိစိတောင်ဖြစ်သွားတယ် အမှန်တော့ကိုယ်ပြောနေတာအားလုံးကကိုယ့်ကိုကိုယ်ရည်ညွှန်းမှန်းဟိုအစစ်မတစ်သိုက်မသိရှာပေ။
'အယ်သူ့အကိုကိုချီးမွမ်းနေလိုက်တာများနော် '
'ဟုတ်ပဟုတ်ပ ဪဒါနဲ့ အဟမ်းကိုနေခန့်မောင်ကဘယ်လိုမိန်းကလေးမျိုးကိုသဘောကျတာလဲ ဟို ရိုးရိုးလေးလား ဆွဲဆောင်မှုရှိရှိလေးလား အပြောချိုချိုနဲ့ကလေးဆန်ဆန်ချွဲတက်တဲ့သူမျိုးလား ရင့်ကျတ်တည်ငြိမ်တဲ့မြန်မာဆန်ဆန်လေးလား'
YOU ARE READING
နှလုံးသားဖြင့်ရစ်နှောင်သော{Complete}
Romance#Unicode ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်စီးပျောက်ကွယ်သွားလိမ့်မည်မဟုတ်။ #Zawgyi ကျွန်တော်တို့နှစ်ယောက်ရဲ့ချစ်ခြင်းသည် နှလုံးသားဖြင့်အထပ်ထပ်ရစ်နှောင်ထားခြင်းကြောင့် ဘယ်သောအခါမှ ပျက်...