[ Unicode ]
" Hold Me Tight "
"ကျတော်ရောက်ပြီ"
"ဟာ .. ဂျောင်ဂု ၊ ငါမင်းကိုမျှော်နေတာကွ .. လာ ထိုင်"
အခန်းထဲဝင်ဝင်ချင်းဝမ်းသာအားရကြိုဆိုနေသည့်အကိုဖြစ်သူအားခေါင်းငြိမ့်ပြလိုက်၍သာ ဂျောင်ဂု ဝင်ထိုင်လိုက်လေတော့သည်။
"မျက်နှာကဘာဖြစ်နေတာလဲ .. ဆေးရုံမှာအဆင်မပြေဘူးလား?"
"မဟုတ်ပါဘူးဗျာ .. အကို့ကိုကျတော်မေးရပါဦးမယ် .. အကို ကုမ္မဏီကလူတွေကိုဘယ်လိုရွေးခန့်ထားတာလဲ?"
"ဘာလို့လဲကွ?"
"အချိုးမပြေလို့လေ"
မျက်မှောင်ကျုံ့ရင်းဘောက်ဆတ်ဆတ်ပြောနေသည့် ဂျောင်ဂု ရဲ့ပုံစံအားကြည့်ကာခပ်သဲ့သဲ့ရယ်လိုက်လေသည်။
"မင်းဝန်ထမ်းတစ်ယောက်ယောက်နဲ့ပြသနာတက်ခဲ့တာထင်တယ် .. ပြောပါဦး ဘယ်ဌာနကလဲ?"
"HR Department က .. ဘယ်သူလဲဆိုရင်တော့အားလုံးနီးပါးပဲ .. နောက်မှဝင်လာတဲ့သူကို ဂျူနီယာဆိုတိုင်း မဆိုင်တာတွေခိုင်းနေတာတော့မဟုတ်သေးဘူး .. အခုဟာကသူတို့အတွက်ကော်ဖီဝယ်ပေး ဘာညာလက်တိုလက်တောင်းကအစခိုင်းနေတာ .. အဲ့တာထက်ကျေးဇူးမတင်သေးတဲ့အပြင်အပြစ်တောင်လိုက်ပြောနေကြသေးတယ် .. ဘယ်လိုလူတွေလဲ .. တကယ်ဆိုစီနီယာကောင်းတစ်ယောက်ဆိုတာ ကိုယ့်အငယ်ဂျူနီယာကိုလုပ်ငန်းသဘောတွေသေချာသင်ပြပေးရမှာလေ .. ဘယ်လိုလူတွေကိုခန့်ထားတာလဲ အကို နမ်ဂျွန်း ရာ"
ဂျောင်ဂု ၏စကားအားခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်နေသူမှာ CEO ဖြစ်သည့် နမ်ဂျွန်း ပင် ။
"မင်းစိတ်တိုတာကိုငါလက်ခံတယ် .. ငါလည်းဒီလိုနိုင့်ထက်စီးနင်းလုပ်တာကိုလုံးဝမကြိုက်ဘူး .. စိတ်မပူပါနဲ့ ၊ ဒီပြသနာကို အကိုရှင်းမယ်"
"ပြီးတာပဲ..."
"ကဲ .. ထ"
"ဘယ်လဲ?"
"ဟိုဘက်ရုံးခွဲရဲ့ဒီတစ်ခေါက် project အသစ်ကိုသွားစီစစ်ရမယ်လေ .. မင်းပါလိုက်ခဲ့ရမယ်"
ထိုင်နေရာမှမတ်တပ်ထရပ်လာရင်းဘောင်းဘီအိတ်ထဲလက်ထည့်ကာပြောနေသည့် အကို နမ်ဂျွန်း ကြောင့် သူ့မှာအူလည်လည်လေးဖြင့်။