[ Unicode ]
" Hold Me Tight "
ဧည့်ခန်းထဲ၌စားပွဲခုံရှည်ကိုခင်းကျင်း၍ ခုနကမှလာပို့သွားသောမှာထားသည့်စားစရာတွေကို ဂျောင်ဂု ပြင်ဆင်၍ခုံပေါ်၌သေချာခင်းကျင်းနေလေသည်။
နံရံပေါ်ကနာရီကိုလှမ်းကြည့်တော့ ၆နာရီထိုးနေပြီဖြစ်သည်။
ဒီအချိန်ဆို သူ့ဆေးရုံကလုပ်ဖော်ကိုင်ဖက်တွေရောက်လာတော့မည်။*ဒင်း ဒေါင်*
တွေးလို့မှမဆုံးသေး .. အိမ်ရှေ့မှဘဲလ်တီးသံကအိမ်ထဲတွင်ပျံ့လွင့်လာသည်။
ဂျောင်ဂု ခပ်သွက်သွက်ပင်ထကာတံခါးသွားဖွင့်ပေးတော့အစုလိုက်အပြုံလိုက်ကိုအိမ်ရှေ့တွင်မြင်နေရတာအုံးအုံးကြွက်ကြွက်။"လာ ဝင်ကြလေ"
ဂျောင်ဂု ဖိတ်တော့ အားလုံးကအပြုံးကိုယ်စီပြန်ပြုံးပြကြပြီးအိမ်ထဲဝင်ကြသည်။
လက်ထဲကယူလာသည့် အိမ်တက်လက်ဆောင်ကိုလည်း ဂျောင်ဂု လက်ထဲသို့ကမ်းပေးကာပင် ဝင်ထိုင်ကြတော့ သူ့မှာလက်ထဲကလက်ဆောင်ထုတ်တွေကိုလွတ်ရာစားပွဲခုံပေါ်သို့အရင်တင်ရသည်။"ကျယ်သားပဲ ဂျောင်ဂု ရ"
"ဟုတ်တယ်နော် .. နေရာလေးကမဆိုးဘူး"
ထိုင်နေရင်းမှအိမ်ထဲသို့ခေါင်းဝေ့ကြည့်ရင်းပြောနေကြသည့် သူနဲ့တစ် batch ထဲဖြစ်သည့် သူငယ်ချင်း၂ယောက်။
"အေးကွ .. ဆေးရုံနဲ့လည်းနီးတော့ငါ့အတွက်ပိုအဆင်ပြေတာပေါ့ကွာ"
"ဒီလိုနေရာမျိုးရှာတွေ့တာတကယ်ကံကောင်းတယ် ဆမ်းဘေးနီး .. ကျမဆိုဆေးရုံနဲ့ဝေးတဲ့ apartment ပဲရခဲ့တာ"
ဂျူနီယာဖြစ်သည့် အွန်းဘီ ကပါ,ဝင်ပြောလာသည်မို့ ဂျောင်ဂု ရယ်ကာခေါင်းငြိမ့်ပြလိုက်သည်။
အလုပ်သင်ဘဝတုန်းက အသည်းဌာနကဘယ်လောက်မိုက်ကြောင်းအရှေ့ကနေပိုပိုသာသာလေးစမတ်ကျကျနေပြလိုက်တာ အားကျပြီးဝင်ခဲ့တဲ့ သူ့ရဲ့ဂျူနီယာမလေး လီအွန်းဘီ။
အလုပ်သင်၇ယောက်မှာ သူမတစ်ယောက်ထဲသာ အသည်းဌာနကိုဝင်လာခဲ့သည်။
ဘာပဲဖြစ်ဖြစ် တစ်ယောက်ရလဲနည်းလား .. အသည်းဌာနမှာဆရာဝန်များများရှိတော့ပိုကောင်းတာပေါ့။
အခုတော့ အွန်းဘီ ကသူ့ရဲ့တပည့်မလေးပင်ဖြစ်နေပြီ။
အခုဆိုကြိုးစားမှုကြောင့် သူ့ရဲ့လက်ထောက်ဆရာဝန်အဖြစ်တောင်ရောက်ရှိနေပြီဖြစ်သည်။