[ Unicode ]
" Hold Me Tight "
ဒီရက်ပိုင်းတွင်းတွေမှာခွဲခန်းဝင်ဖို့ schedule မရှိသည့်အတွက်ဆေးရုံရှိ သူ၏ဂျူတီချိန်များသည်အေးဆေးသာယာနေသည့်နေ့ရက်များပင်ဖြစ်သည်။
အခုလည်း ဂျောင်ဂု ပုံမှန် round လှည့်ပြီးချိန်တွင်အများနားနေခန်း၌စာတမ်းအချို့နှင့်သာအချိန်ကုန်နေလေ၏။
ဆေးလောကအရ ပညာစုံသည်ဆိုတာမျိုးမဟုတ်ဘဲ အားတဲ့အချိန်တွေဆိုအခုလိုဆေးပညာအားလေ့လာရစမြဲပင်။"ဆမ်းဘေး(စီနီယာ) ~~ "
တံခါးခေါက်သံ၃ချက်နဲ့အတူ အပေါက်ဝကခေါ်သံတစ်ခုကနားထဲတိုးဝင်လာသည်မို့ ဂျောင်ဂု အခန်းဝကိုလှမ်းကြည့်လိုက်သည်။
ခပ်ငယ်ငယ်လူငယ်၃ယောက်ကတရိုတသေနှင့်ခြေစုံရပ်ကာမအူမလည်လုပ်နေကြသည်ပင်။"ဝင်လာခဲ့လေ .. လာ"
ဒါဟာဒီနှစ်ရဲ့အလုပ်သင်အသစ်လေးတွေပဲဖြစ်ရမည်။
ဖတ်လက်စစာအုပ်အချို့ကိုပိတ်လိုက်ကာစားပွဲဝိုင်းအရှည်ကြီးမှခုံလွတ်တွေဆီသို့ညွှန်ပြလိုက်သည်။"ဒီနေ့မှစရောက်ကြတာမလား .. ဘယ်လိုလဲ?"
ကုပ်ကုပ်လေးဝင်ထိုင်နေကြသည့်၃ယောက်အား ဂျောင်ဂု ကပြုံးရယ်မေးရင်း သူတို့ရှေ့သို့ဝင်ထိုင်လိုက်၏။
ငယ်သေးပုံပေါ်သည့်လူငယ်လေး၃ယောက်သည် ဆရာဝန်ဂျူတီကုတ်ဖြူဖြူလေးတွေဖြင့်သပ်ရပ်ကာ သူ့အလှနှင့်သူလှပနေကြသည်။"စိတ်လှုပ်ရှားတယ်ခင်ဗျ"
ထိုအထဲကကောင်လေးတစ်ယောက်က ဂျောင်ဂု စကားကိုပြန်ဖြေပါသည်။
"ကိုယ်ဝါသနာပါတဲ့အလုပ်ဆိုတော့ ရင်လဲတုန်သလို ပျော်ဖို့လဲကောင်းပါတယ် ဆမ်းဘေးနီး"
ကောင်လေးရဲ့ဘေးရှိကောင်မလေးကလည်းအဖြေတစ်ခုကိုထပ်မံဖြေလေသည်။
နောက်တစ်ယောက်ကတော့ ဂျောင်ဂု ကို သူ့ဘေးက၂ယောက်စကားအားထောက်ခံစွာခေါင်းသာတဆတ်ဆတ်ငြိမ့်ပြလေသည်။"အစပိုင်းမို့လို့ဒီလိုဖြစ်တာပါ .. နောက်ဆိုစိတ်လှုပ်ရှားတဲ့အချိန်လဲရှိမှာမဟုတ်တော့သလို တခါတလေဆိုပျော်ဖို့ကောင်းတယ်ဆိုတဲ့အတွေးလည်းရှိမှာမဟုတ်တော့ဘူးနော် .. ဘယ်လိုလဲ လန့်နေကြပြီလား?"