ဇာတ်သိမ်းပိုင်း

113 9 2
                                    

[ Unicode ]

                                  " Hold Me Tight "

"မင်ဟို မင်ဟို ခဏ..."

ဆေးရုံအခန်းထဲမှပြန်ထွက်လာသောဆရာဝန်အား ဂျောင်ဂု အပြေးအလွှားလိုက်ခေါ်၏။

"ဖြေးဖြေးလာပါကွာ .. ဘာတွေအရေးကြီးနေတာလဲ ဂျောင်ဂု ရဲ့"

"ဟိုလေ ကိုကို အဲ အကို ထယ်ယောင်း အခြေအနေဘယ်လိုရှိလဲ .. သက်သာရဲ့လား မင်ဟို?"

သူ့ရဲ့အလောတကြီးမေးသံကြားတော့ မင်ဟို ကရယ်သည်။
ဘေးနားက ဆရာမလေးကလည်းပြုံးစိစိဖြင့်။
အခုဆို သူနဲ့ ကိုကို တို့ကရည်းစားတွေဆိုတာကိုဆေးရုံတစ်ခုလုံးက ဆရာဝန်တွေ nurse တွေအကုန်လုံးကသိနေကြပြီဖြစ်သည်ပင်။
သူ ကိုယ်တိုင် come out လုပ်ထားသည့်အပြင် သူ့ရဲ့လုပ်မိတဲ့အမှားတစ်ခုကြောင့် ကိုကို ကသူ့ကိုမုန်းနေသည်ဟုလည်း သူ ပြောပြထားသည်။
ဒါ့ကြောင့်လည်း ဆေးရုံကလူတွေက သူ့ကိုစာနာစွာဖြင့်ကူညီပေးကြပါသည်။
အခုလည်း ကိုကို ရဲ့လက်ထောက်ဆရာဝန်ဖြစ်တဲ့ မင်ဟို ကိုအပူကပ်မေးနေခြင်းသာ။

"မင်းရဲ့ ကိုကို ကသက်သာပါတယ်ကွာ .. မင်းကလည်းအဖြစ်သည်းလိုက်တာ"

မင်ဟို ကရယ်ကျဲကျဲနဲ့ပြောတော့ 'လူကြီးရှက်တော့ရယ်သည်' ဆိုသလို သူဂုတ်ကိုပွတ်သပ်ကာသာရယ်ပါသည်။

"မင်းအခုဂျူတီနားချိန်လား ဂျောင်ဂု?"

"အေး ဟုတ်တယ်"

"ဒါဆိုနားနေခန်းကိုအတူသွားကြမယ်လေ .. လမ်းလျှောက်ရင်းပြောကြတာပေါ့"

"အင်း...."

"ဆရာ ... ကျမကအရေးပေါ်ဌာနကိုသွားစရာရှိသေးလို့သွားလိုက်ဦးမယ်နော် .. ဆရာ ဂျွန် ကျမသွားလိုက်ပါဦးမယ်"

"ဟုတ်ကဲ့ ဆရာမ"

nurse မလေးကတော့ မင်ဟို အားပြောကာ ဂျောင်ဂု ကိုရောပါအရိုအသေပေး၍ပြန်ထွက်သွားလေ၏။

"မင်းညဘက်တွေမအိပ်ဘူးလား ဂျောင်ဂု? .. မင်းမျက်ကွင်းတွေညိုနေတယ်နော်"

"နည်းနည်းပါကွာ .. ကိုကို မှားလို့ အကို ထယ်ယောင်း အတွက် အသည်းအလှူရှင်ငါလိုက်ရှာနေလို့ပါ"

Hold Me Tight [ Completed ]Where stories live. Discover now