[ Unicode ]
" Hold Me Tight "
မျက်နှာပေါ်သို့ရိပ်ခနဲလာကျသည့်နေရောင်ကြောင့် နိုးသွားသည့်သူ့မှာမျက်လုံးကိုမဖွင့်သေး။
ချက်ချင်းပင် ခန္ဓာကိုယ်ကိုစောင်းကာ ခေါင်အုံးပေါ်သို့မျက်နှာမှောက်ချလိုက်ရင်း အိပ်ခြင်းကိုဆက်ပြုလေ၏။"ဟေ့ကောင် .. ဆက်သေမနေနဲ့ ထတော့! "
တင်ပါးကိုလာကန်သည့်ခြေထောက်သေးသေးလေးတစ်ခုနဲ့ ခပ်စူးစူးအော်သံတစ်ချို့။
မလှုပ်မယှက်ကာပင်ဆက်အိပ်နေတော့ သူ့ကျောပြင်ပေါ်သို့ဝုန်းခနဲပြိုကျလာသည့် ခန္ဓာကိုယ်ကြောင့် ထယ်ယောင်း မှာအလန့်တကြားဖြင့်မျက်လုံးပွင့်သွားရသည်။"ဟေ့ .. ဟေ့ကောင် ဆင်းစမ်း! .. မင်းကိုယ်ကြီးကလေးတယ်"
သူ့ကျောပေါ်ဇိမ်ခံလှဲနေသည့် ဂျီမင်း ကို ထယ်ယောင်း အတင်းတွန်းဖယ်ရင်းပြောတော့ သူ့လက်မောင်းတစ်ဖက်ကိုပါလက်သီးဖြင့်ပြန်ထိုးနေသည့် ဂျီမင်း။
အိပ်ယာလာနှိုးနေတာလား .. လူသတ်နေတာလားပင်မသဲကွဲတော့ဘူး။"မင်းမှမထတာ"
"ထပြီကွာ .. ဆင်းတော့ မြန်မြန်"
ထယ်ယောင်း အောက်ကနေမှောက်ယက်လေးဖြင့်ယှက်ကန်ယှက်ကန်လှုပ်၍ပြောတော့မှ ဂျီမင်း ကဖယ်ပေးတော့သည်။
ဒါတောင်သိပ်ကျေနပ်သေးပုံမရ .. သူ့တင်ပါးကို၂ချက်လောက်ဆင့်ကန်၍လှုပ်နှိုးနေသေးသည်။"ထနေပြီလေကွာ .. မင်းလင်မို့လို့မတရားတွေကန်နေတာလား!!"
"မင်းလင်ကငါမဟုတ်ဘူး ၊ ဂျောင်ဂု လေ .. ငါပြောတာကိုကျေနပ်ပြီးလဲသိပ်ပျော်မနေနဲ့ဦး"
"ဘာကွ .. ဘာကိစ္စသူကငါ့လင်ဖြစ်ရမှာလဲ? .. သူနဲ့ငါနဲ့ကဘာမှမဟုတ်ဘူး .. အပိုတွေပြောမနေနဲ့"
"မင်းရှက်နေတာလား .. မူနေတာလား .. ဟိုတစ်ခေါက်က သူကိုယ်တိုင်မင်းကိုကြိုက်တယ်ဆိုတာပြောနေတာတစ်ဝိုင်းလုံးသိတယ် .. မင်းကမသိတာတော့မဖြစ်နိုင်ဘူး ၊ ဒူနေတာလည်းမဖြစ်နိုင်ဘူး .. ဟင်! ဒါမှမဟုတ် မင်းနားများကန်းသွားတာလား ထယ်ယောင်း? .. ပြစမ်း"