EP-6

406 61 4
                                    

[ Unicode ]

ရင်ခုန်စွာနဲ့ဖုန်းလေးကိုဖွင့်ကြည့်ပေမယ့်phone callတွေmessageတွေကဗလာကျင်းနေခဲ့တယ် ...။
ကိုယ်ကပဲမနေနိုင်မထိုင်နိုင်ဆက်လိုက်တော့ဖုန်းရိုင်ပေမယ့်အိုပါးမဟုတ်ပဲ မိန်းကလေးအသံကြောင့် သူမထပ်နာကျင်ရပြန်သည်။

"Seokjin oppaရှိလားမသိဘူး"

"အော် ကိုကိုလား ရှိတာပေါ့ ရေချိုးခန်းထဲမှာလေ.. ဒါနဲ့ ဘယ်သူ...အော်သိပြီ နောက်စော်တစ်ပွေလား ဆောရီးပါ သူဒီညတို့နဲ့ပဲအချိန်ကုန်မှာမို့ ဘိုင့်"

"....."

ပြောချင်ရာပြောပြီးဖုန်းချသွားတဲ့ထိုဘက်ကမိန်းကလေးကိုအိုပါးကကျမအပိုင်လို့အော်ပြောလိုက်ချင်ပေမယ့် သူမမှာပြောပိုင်ခွင့်ရောရှိရဲ့လား...။

အကိုကရက်စက်တာထက်ပိုတယ် ။
သူ့အကြောင်းကိုယ်သိလာတာနဲ့အမျှသူလည်းဖုံးကွယ်မှုတွေကင်းလာခဲ့တယ် ။ အခုတော့ဆောကအရမ်းအပေါစားဆန်နေတာပေါ့.. ချစ်လွန်းလို့မျက်စိမှိတ်ခဲ့ရတာအကြိမ်ပေါင်းမနည်း.. အခုလည်းအပျက်မတစ်ယောက်လိုအနှိုင်းခံခဲ့ရတယ်..၊

ဆောသည်းခံအုံးမယ်အကို ဆောအကို့ကိုမခွဲနိုင်သေးလို့ သည်းခံတာအတိုင်းတာတစ်ခုတော့ရှိတယ်မလား အဲ့အချိန်မရောက်သေးတဲ့အထိဆောသည်းခံနေအုံးမှာ .. အကိုဘယ်လောက်ထိရက်စက်နိုင်မလဲကြည့်ချင်သေးတယ်။

~•~•~•~

ဖုန်းသံပြန်မြည်လာတာကြောင့်ကြည့်လိုက်တော့သူပဲ... ၊ သူ့အမှားသူသိတော့ပြန်ချော့မယ်ထင်...။

"Hello ဆော ကိုယ်..."

"oppa ဆောအိပ်တော့မှာမို့လို့ ဒါပဲနော်"

ကိုယ့်ရဲ့ငိုသံတွေကိုသူ့ကိုမကြားစေချင်ဘူး ...။ ဆောအိပ်တော့မယ်အကို အကိုလည်းဆောမဟုတ်တဲ့မိန်းမတစ်ယောက်နဲ့အိပ်လိုက်ပါ .. အကိုပျော်တယ်မလား ဆောလည်းပျော်ပေးမယ် နာကျင်နေတဲ့နှလုံးသားကိုတော့မျက်ကွယ်ပြုဖို့ကြိုးစားရအုံးမယ်..။

[ကိုတို့နှစ်ယောက်မနက်ဖြန်လျှောက်လည်ကြမယ်နော်]

နှစ်သိမ့်စာလေးတစ်စောင်ကိုကြည့်ပြီးသူမခပ်ရဲ့ရဲ့သာပြုံးမိလိုက်သည်။
သူအဲ့လိုပြောပြီးပျက်တာဆယ်ကြိမ်ထက်မနည်းတော့ဘူး...၊ ဆောကအကို့ရဲ့အချိန်တွေနဲ့မတန်လို့များလား...။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now