[ Unicode ]
တင်းတင်းဆုပ်ကိုင်ပေးထားတဲ့ထယ်ဟျောင်းလက်ကိုအားပြုရုန်းကန်နေပေမယ့်ကလေးလေးကသူမလိုပဲအကြောတင်းနေလေသလား...။
" မယ်ရီအားတင်းထားနော် ပြီးခါနီးမို့လို့နည်းနည်းထပ်ကြိုးစားကြည့်လိုက်နော် "
သူမနဲ့ပြိုင်တူဇောချွေးပြန်နေတဲ့ထယ်ဟျောင်းကသူမနှဖူးပေါ်ကချွေးတွေကိုသုတ်ပေးရင်းပြောလာသည်။ ဒါပေမယ့်သူမဘယ်လိုမှအားမရှိတော့...၊ အသက်ရှူတွေလည်းကြပ်နေပြီ...။
" ထယ်ဟျောင်း ခွဲမွေးမှရတော့မယ်ထင်တယ် "
ထယ်ဟျောင်းရဲ့သူငယ်ချင်းလည်းဖြစ်တဲ့သားဖွားဆရာဝန်ကလှမ်းပြောတော့သဘောတူပြီးခေါင်းငြိမ့်လိုက်သည်။ သူကိုယ်တိုင်လည်းဆောတခုခုဖြစ်သွားမှာစိုးရိမ်သည်မို့...။
" ကလေးဘာမှမကြောက်နဲ့နော် ဘေးမှာကိုယ်ရှိနေတယ် "
အလွန်တရာမောပန်းနေတဲ့သူမကတော့အသက်လေးသာပုံမှန်ရှူရင်းအသာလေးမှေးနေသည်။ သူလည်းဆရာဝန်တစ်ယောက်ဆိုပေမယ့်ဆောကိုခွဲစိတ်နေတာကိုမကြည့်ရက်ပါ...၊ သူမလက်လေးကိုကိုင်ပြီးခေါင်းငုံ့ရင်းပဲထိုင်နေလိုက်သည်။
အချိန်တစ်ခုထိကြာပြီးနောက်မှာစူးနစ်နေတဲ့ကလေးအော်သံလေးကြောင့်မော့ကြည့်လိုက်တော့သွေးတလူးလူးဖြစ်နေတဲ့သားပေါက်လေးပြင်းထန်စွာအော်ငိုနေသည်၊ သူလည်းငိုနေမိပေမယ့်စိတ်ခံစားချက်ချင်းတော့မတူပေ...။အခုချိန် သူဟာဒီကမ်ဘာပေါ်မှာအပျော်ရွှင်ဆုံးလူသားတစ်ယောက်ပဲ...။
အနှီးထုပ်ထားတဲ့ နီရဲနေတဲ့ပိုးကောင်လေးကိုသူတယုတယပွေ့ချီလိုက်တော့အော်ငိုနေတဲ့ကလေးလေးကချက်ချင်းဆိုသလိုကိုတိတ်သွားသည်။ သမီးလေးကသူ့ကိုအရမ်းချစ်တယ်နဲ့တူတယ်...။ နီအုအုဖြစ်နေတဲ့ပါးလေးကိုသူ့နှာခေါင်းလေးနဲ့အသာထိလိုက်တော့ဥလုံးလေးကပြုံးလာသည်။
ဒီအဖေကသမီးလေးကိုအသက်နဲ့ရင်းပြီးကာကွယ်ပေးသွားမယ်လို့ကတိပေးတယ်နော်...။အိပ်ပျော်နေတဲ့မယ်ရီ့ဘေးနားမှာအနှီးထုပ်လေးကိုချလိုက်ပြီးဓာတ်ပုံတစ်ပုံရိုက်လိုက်သည် ။ ဒါဟာသူပထမဦးဆုံးလူဖြစ်လာခြင်းမို့ဒီနေ့ရဲ့အချိန်တိုင်းဟာရွှေလိုတန်ဖိုးရှိနေတာကြောင့်အရာရာတိုင်းကိုမှတ်တမ်းတင်ထားမှရမယ်...။
YOU ARE READING
𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉