EP_13

421 48 12
                                    

[ Unicode ]

" ဆောမှာကိုယ်ဝန်ရှိနေပြီ .. ဆောမိခင်ဖြစ်ပြီ "

ဟုတ်မှဟုတ်ပါ့မလားလို့စိုးရိမ်နေပေမယ့်သူကိုယ်တိုင်ကလည်းဆရာဝန်တစ်ယောက်ဖြစ်တာကြောင့်သံသယဝင်စရာမရှိ...။

" ကိုတကယ်ပြောတာလားဟင်.. ဆောကိုနောက်နေတာလား... "

" ဒီကိစ္စကနောက်စရာလား ၊ ကိုယ်အဖေဖြစ်တော့မှာ.. ကျေးဇူးတင်လိုက်တာကလေးရယ် "

သူမကိုတယုတယဖက်လိုက်ကာမကြာခင် ဖခင်ဖြစ်တော့မယ့်ခံစားချက်ကိုအပြည့်အဝခံစားလိုက်သည်..။ တကယ်တော့အများအမြင်မှာသူတို့ကို့လင်မယားအနေနဲ့သိထားပေမယ့်လက်ထပ်စာချုပ်မှာတော့တရားဝင်လက်မှတ်မထိုးထားကြသေး...၊ သူမကမလိုလားတာကြောင့်သူလည်းမတတ်နိုင်ပဲငိမ်နေခဲ့ရတာ...၊ အခုတော့သူတရားဝင်ပိုင်ဆိုင်ချင်နေပြီ။

" မယ်ရီ ကိုယ်တို့စာချုပ်မှာလက်မှတ်ထိုးသင့်ပြီထင်တယ် "

သူအရင်တည်းကအခုကိစ္စကိုခဏခဏပြောပေမယ့်သူမတရားဝင်ယူမယ့်လူကတစ်ယောက်တည်းသူလို့ပဲကြွေးကြော်ဖူးတာကြောင့်လက်ထပ်ပွဲလုပ်ခဲ့တာတောင်စာချုပ်မှာလက်မှတ်မထိုးခဲ့ပေ...။ အခုတော့သူမဆီမှာရင်သွေးလေးရှိလာတာမို့သူမလက်ခံမှဖြစ်တော့မယ်...။

" အင်း အဲ့လိုလုပ်ကြတာပေါ့..."

ဟုတ်တယ် .. သူမရဲ့ဆန္ဒတွေလည်းပြည့်နေပြီပဲ သူမလည်းဘဝသစ်စသင့်ပြီမလား .. ။

~~•~~•~~

ကင်မ်အယ်ရှင်းဆုံးသွားပြီးတဲ့နောက်မှာသူမဖေ့အမွေဖြစ်တဲ့ထိုအိမ်ကိုရောင်းလိုက်သည် ၊ သံယောဇဥ်တွယ်ထားခြင်းကသူ့အတွက်ပိုခံစားရတာမို့ပြန်ရောင်းလိုက်ကာ သူ့ဆီမှာရှိတဲ့ငွေတွေနဲ့အတူ Barတစ်ခုထောင်လိုက်သည်။ ထို့နောက်သူဘဝကိုအေးအေးဆေးဆေးဖြတ်သန်းရင်း .. တခါတလေတော့ငယ်သူငယ်ချင်းတွေနဲ့အတူထိုင်သောက်ဖြစ်သည်။

တစ်လပြီးတစ်လပြောင်းသွားပေမယ့်မပြောင်းလဲတော့တာကသူ့နှလုံးသားလေး... သူ့ဘားကိုလာတဲ့လုပ်ငန်းရှင်တွေကတော့သူ့ကိုသဘောကျလို့သားမက်တော်ဖို့ကမ်းလှမ်းပေမယ့် သူအဲ့အရာတွေကိုစိတ်ဝင်စားခြင်းမရှိတော့ပါ...။ တကယ်တော့သူထပ်ချစ်ရမှာကိုကြောက်သည် ၊ ဆောကသူ့လိုလူကိုအကျင့်ပြောင်းအောင်လုပ်ပေးလိုက်တာဆိုမမှားဘူး...။ သူ ဆောကိုပြန်လာမယ်ယုံကြည်လို့သူ့ရဲ့ပိုင်ဆိုင်မှုမှန်သမျှပေးအပ်ခဲ့ပေမယ့် မင်ယွန်းဂီပြောသလိုပဲ သူပြန်အရူးလုပ်ခံခဲ့ရသည်။ ဒါကိုလည်းသူကျေနပ်စွာလက်ခံရင်း...။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now