EP_12

869 88 24
                                    

[ Unicode ]

" မယ်ရီ ကိုယ်ဒီညဂျူတီရှိလို့ပြန်မလာဖြစ်ဘူး.. အဲ့တာမယ်ရီတစ်ယောက်တည်းနေလို့အဆင်ပြေပါ့မလား "

ထိုအချိန်သူမမျက်လုံးအရောင်လတ်သွားကာ..

" အင်း ပြေတာပေါ့ မယ်ရီကအကောင်းကြီးကို "

" အင်းပါ ဆေးမှန်မှန်သောက်နော် တော်ကြာထဖောက်မှာစိုးရတယ် "

" ကိုနော်! "

" ဟားးး စတာပါ အဲ့ဒါဆိုဒါပဲနော် လူနာသွားကြည့်ရအုံးမယ် "

သူမ ထယ်ဟျောင်းဆီကထုန်းကိုအမြန်ချကာဆော့ဂျင်ဖုန်းနံပါတ်သို့စာတစ်စောင်ပို့လိုက်သည်။

ကွန်ဒိုကသူ့အခန်းမှာပဲရှိနေတဲ့အချိန်ဆိုသူဟင်းအမြဲချက်ဖြစ်သည်...၊ အခုလည်းဟင်းချက်ဖို့ပြင်တင်နေရင်းကစာဝင်လာတာကြောင့်လက်အမြန်သုတ်ပြီးကြည့်လိုက်တော့သူဝမ်းသာလွန်းလို့ထတောင်ခုန်ပေါက်မိသည်...။

'​ညကျတွေ့ကြမယ်'တဲ့

သူချက်လက်စဟင်းတွေကိုအမြန်ချက်ပြီးသူမနဲ့ညစာအတူစားဖို့အမြန်ပြင်ဆင်ထားလိုက်သည်။ နောက်ဆုံးတော့သူ့ရဲ့ပျောက်ဆုံးနေတဲ့အိပ်မက်တွေတကယ်ဖြစ်တော့မှာပါလားဆိုတဲ့စိတ်လေးနဲ့...။

တနေကုန်အိမ်သန့်ရှင်းရေးလုပ်အပြီးသူလည်းရေမိုးချိုးကာဆောနဲ့စတွေ့တုန်းကအင်ကျီလေးကိုဝတ်ထားလိုက်ပြီးသူမကြိုက်တဲ့ရေမွှေးလေးစွတ်ကာအသင့်စောင့်နေလိုက်သည်။

သူမနဲ့တွေ့ရင်ပြောရမယ့်စကားလုံးတွေကိုလေ့ကျင့်နေရင်းသူနှလုံးခုန်နေတာအရမ်းမြန်နေသည်ကိုခံစားရသည်၊ ခဏနေတော့သူမရောက်လာခဲ့ပြီ...။

သူမကိုအပြုံးနဲ့ကြိုဆိုလိုက်ပေမယ့် သူ့ဘက်ကိုတော့ခက်ထန်ထန်အပြုံးသာပြန်ရောက်လာသည်။ အိမ်ထဲဝင်တော့ရလိုက်တဲ့အမွှေးနံ့ကသူအမုန်းဆုံးအနံ့ပင်..၊ သူမတမင်များလုပ်လာသည်လား...။

သူ့အိမ်ကိုဟိုစစ်ဒီစစ်လုပ်နေရင်း ပြောလာသည်က ကွဲရှင်းစာချုပ်ပြတဲ့... သူလည်းအချိန်ဆွဲမနေဘဲစတီပေါ်မှာအသင့်တင်ထားတဲ့စာချုပ်တွေကိုသူမဆီကမ်းတော့သူမကကျေနပ်စွာပြုံးလိုက်သည်။

𝐒𝐰𝐞𝐞𝐭 𝐂𝐫𝐮𝐞𝐥 || 𝐊𝐒𝐉Where stories live. Discover now