" ရိပေါ် မင်းကျောင်းအုပ်ကြီးရုံးခန်းထိရောက်တယ်ဆို!"
အခန်းထဲ၀င်၀င်ချင်း လာမေးသူက ပိုင်ယီ။
"အေး"
" မင်းနဲ့ ရှောင်းကျန့် ဘယ်အချိန်ထိဒီလိုအမြဲသတ်နေကြမှာလည်း?"
ပိုင်ယီက စိတ်ပျက်လက်ပျက်မေးလာတယ်။
ရိပေါ်လည်း မျက်စိကိုစုံမှိတ်ပြီး ဆံပင်တွေကြားထဲ လက်ချောင်းတွေထည့်လို့ဆွဲဖွပြစ်လိုက်တယ်။"မသိဘူး!"
သူတကယ်မသိဘူး။ ရှောင်းကျန့်ဘာလို့သူ့ကိုအဲ့လောက်မုန်းနေလည်းဆိုတာ။" ငါနဲ့ မိန်မိန် မုန့်အတူစားနေတာ ငါ့ပန်းကန်ကို အလွတ်ကြီးတိုက်ချသွားတယ်၊ သူဘာလို့ငါ့ကို ကြည့်မရတာလည်း?"
" မင်းက စာအတော်ဆုံးမို့လို့လား ?"
ဒါလည်း မဖြစ်နိုင်။
ရိပေါ်က စာနဲ့ပက်သက်ရင် အမြဲထိပ်ဆုံးက ။ဒါပေမယ့် သူ့ကိုမနာလိုရလောက်တဲ့ထိ ရှောင်းကျန့်က သူ့ပြိုင်ဘက်မဟုတ်သလို စာလည်းအဲ့လောက်ကြိုးစားတာမဟုတ်။" မင်းက ရုပ်ချောလို့လား ?"
ပိုင်ယီက တိုးတိုးလေးကပ်ပြောလာတယ်။
" အဓိပ္ပါယ်မရှိ၊ ယောက်ျားချင်း ရုပ်ချောတာနဲ့ မနာလိုစရာလား?သူလည်းမချောတာမှမဟုတ်တာ "
YOU ARE READING
Because //{Completed}
Short Story#Zhanyi #Student life ရှောင်းကျန့်က ၀မ်ရိပေါ်ကို အရမ်းမုန်းနေတာ