![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ဒီနေ့က ကျောင်းစတက်ပြီး တပါတ်ပြည့်တဲ့နေ့။
ရှောင်းကျန့်တို့သုံးယောက်သား အတန်းရှေ့မှာထွက်ပြီး မတ်တပ်ရပ်ရတယ်။
အကြောင်းရင်းက မနေ့က တစ်ခြားအတန်းကလူတွေနဲ့ ကျောင်းနောက်ဘက် ဘောလုံးကွင်းမှာချိန်းပြီး ရန်ဖြစ်ကြလို့ပဲ။အရင်နှစ်တွေထဲက ရန်စပါလာခဲ့သူတွေမို့ ဒီတစ်ခါတော့ အကြီးအကျယ်ချကြတာ ရှောင်းကျန့် တုတ်နဲ့ရိုက်လိုက်လို့ တစ်ဖက်က ခေါင်းကွဲသွားပါရော။
ရှောင်းကျန့်အဖေက ငွေနဲ့ဖြေရှင်းလိုက်လို့အမှုမဖြစ်ပေမယ့် အတန်းပိုင်ဆရာက မှတ်လောက်အောင် အတန်းရှေ့မှာ ထွက်ရပ်ခိုင်းထားတာဖြစ်တယ်။
စာသင်ချိန်မို့ ကျောင်းသားတွေရှိပေမယ့် သူမရှက်ပါဘူး။ခုဆို ဟိုကောင်တွေလည်း ပတ်တီးအဖွေးသားနဲ့ ကျောင်းမလာရဲကြဘူး။
သူလည်းလုံး၀မထိခိုက်တာတော့ မဟုတ်ဘူး။မေးစေ့ကိုတစ်ချက်ထိသွားတဲ့ နေရာကိုပလာစတာနဲ့ ကပ်လို့၊ ကျောပိုးအိတ်ကို ပုခုံးမှာချိတ်လို့ ခပ်တည်တည်ပဲအခန်းထဲ၀င်လာခဲ့တယ်။
ဆရာက မတ်တပ်ရပ်ခိုင်းတော့လည်း အကြောခပ်တင်းတင်းနဲ့ပဲ တစ်ခန်းလုံးကို အပေါ်စီးကနေ ဝေ့ကြည့်နေလိုက်တယ်။ကျောင်းမှာ နာမည်ထွက်နေသလိုပဲ။
ငါက လူဆိုး ၊ဟုတ်တယ်။
ဒါပေမယ့်ဘယ်ကောင်ကများအထင်သေးတဲ့ အကြည့်နဲ့ ကြည့်ရဲလည်း?ဟမ့်! အကုန်လုံးကို ခေါင်းရိုက်ခွဲပေးမယ်။
စူးရဲတဲ့ အကြည့်တွေနဲ့ အပေါ်စီးကနေတစ်ခန်းလုံးကို ဝေ့ကြည့်နေလိုက်တယ်။
တစ်ကောင်မှ ခေါင်းမော့မလာရဲကြဘူး။
သောက်အပိုးတွေကျိုးချက်။

YOU ARE READING
Because //{Completed}
Short Story#Zhanyi #Student life ရှောင်းကျန့်က ၀မ်ရိပေါ်ကို အရမ်းမုန်းနေတာ