02

8K 658 57
                                    

【မနေ့က ကျောင်းtoiletထဲမှာ ၀မ်ရိပေါ်ကို ရှောင်းကျန့်က အသားကုန်ထိုးပြစ်လိုက်တယ်တဲ့】

Ups! Ten obraz nie jest zgodny z naszymi wytycznymi. Aby kontynuować, spróbuj go usunąć lub użyć innego.

【မနေ့က ကျောင်းtoiletထဲမှာ ၀မ်ရိပေါ်ကို ရှောင်းကျန့်က အသားကုန်ထိုးပြစ်လိုက်တယ်တဲ့】

【၀မ်ရိပေါ် မနေ့က ညနေပိုင်းအတန်းလစ်သွားတာ ဒါကြောင့်ကိုး】

【ရှောင်းကျန့်က ၀မ်ရိပေါ်ကို အရမ်းမုန်းနေတာ】

လောလောလတ်လတ်ပေါက်ကြားသွားတဲ့ ဂရုချက်ထဲက စကားတွေက ကျောင်းရဲ့ စိတ်၀င်စားမှုအများဆုံးဖြစ်နေတယ်။၀မ်ရိပေါ်၀င်လာထဲက အားလုံးရဲ့စိတ်၀င်စားမှုခံရသလို ဂရုထဲက မန်ဘာတွေ အက်မင်တွေအကုန်လုံးလည်း ခေါင်းမီးတောက်နေရတယ်။

ကျောင်းရဲ့ အတင်းအဖျင်းအပုပ်အပွတွေကို ဖောက်သည်ချတဲ့ ဂရုချက်ကြီး။
ဘယ်သူလက်ကမြင်းလို့ စာတွေအပြင်ပြန့်သွားတယ်မသိ။

အချိန်မီအစအနဖျောက်ပေမယ့် သတင်းကတော့ပြန့်သွားပြီ။
၀မ်ရိပေါ်ကတော့ပြသနာရှာမှာမဟုတ်ပေမယ့် ရှောင်းကျန့်သာဘယ်သူတွေမှန်းသိသွားရင်တော့ ဟူး......။
_
_
_

“ ရိပေါ်ရာ ဘယ်လိုဖြစ်ရတာလည်း ?ငါမနေ့ကကျောင်းမတက်တာနဲ့”

ပိုင်ယီက သူ့ဘေးနား၀င်ထိုင်လျက်မေးလာတယ်။

“ အလကား သတင်းတွေပါ၊ ငါတကယ်ဘာမှမဖြစ်ဘူး !”

ပိုင်ယီရဲ့အကြည့်တွေကိုရှောင်လို့သူဖြေလိုက်တယ်။

“ မင်းလိုလူက အကြောင်းမဲ့အတန်းလစ်မလား။မင်းကိုသူထိုးလိုက်တယ်လို့ သူ့ပါးစပ်က ကိုယ်တိုင်ပြောတာဆို !”

“ ဘာလို့အစပြန်ဖော်ပေးနေတာလည်း? ထားလိုက်ပါတော့ဆို!”

“ ကြည့်အုံး ၊ မင်းနှုတ်ခမ်းပေါက်နေတာပဲ ၊အာ !မင်းတကယ်ကြီးအထိုးခံထားရတာပဲ ”

Because //{Completed}Opowieści tętniące życiem. Odkryj je teraz