ပေကျင်းရဲ့ ဈေးအကြီးဆုံး အထပ်54ထပ်ပါတဲ့ စတုဂံပုံစံ ဇိမ်ခံဟိုတယ်ကြီးရဲ့အမိုးမှာတော့ မီးရောင်စုံများဂီတသံများနဲ့ဆူညံလျက်ရှိ၏။
ဒီနေ့က စီးပွါးရေးလောကရဲ့ ထိပ်သီးအုပ်စုနှစ်ခုဖြစ်တဲ့ Xiao Group နဲ့ Wang လုပ်ငန်းစုတို့ရဲ့ သားနှစ်ယောက်လက်ထပ်ထိမ်းမြားခြင်းနေ့ဖြစ်သည်။
မနက်ခင်းထဲက စီးပွားရေးလုပ်ငန်းရှင်တွေ၊ပြည်တွင်း ပြည်ပမှာရင်းနှီးမြုပ်နှံထားတဲ့ အကျိုးတူရှယ်ယာရှင်တွေနဲ့ ဖိတ်ကြားထားတဲ့ ဂုဏ်သရေရှိလူကြီးမင်းတွေတက်ရောက်ကြသည်။
ဒီမဂ်လာပွဲအတွက် နိုင်ငံပိုင်ရုပ်သံဌာနတစ်ခုဖြစ်တဲ့ WXYZB က တိုက်ရိုက် live လွှင့်ပြ၏။ဒီလုပ်ငန်းစုနှစ်ခုနှင့်အကျိူးတူပူးပေါင်းချင်သည့် တစ်ခြားစီးပွားရေးလုပ်ငန်းစု ရဲ့ brand များကလည်း မဂ်လာပွဲအတွက် sponsor ပေးကြသည်။
စီးပွားရေးလောကမှာ အမြင့်ဆုံးထိထိုး ဖောက်နိုင်အုံးမယ့် ဒီသတို့သားနှစ်ယောက်နှင့် ရေရှည်လုပ်ငန်းပူးပေါင်းခွင့်ရဖို့အတွက် သူတို့ရဲ့သဘောထားများကို အစွမ်းကုန်ထုတ်ပြနေကြ၏။ညပိုင်းDinner ပွဲအပြီးမှာတော့ လူငယ်တွေချည်းသီးသန့် ပါတီတစ်ခုကို ဒီဟိုတယ်ရဲ့ခေါင်မိုးထပ်မှာကျင်းပသည်။Xiao Group ရဲ့ပိုင်ဆိုင်မှုအောက်ကတစ်ခုဖြစ်တဲ့ဒီဟိုတယ်မှာ တစ်ညလုံးသောင်းကျန်းနေကြတာဖြစ်သည်
မူးပြီးအိပ်ပျော်သွားရင်လည်းကိစ္စမရှိ။ဟိုတယ်၀န်ထမ်းများက ကြိုတင်စီစဉ်ထားသောအခန်းတွေထဲ နေရာလိုက်ချ
ပေးမှာမို့ အားလုံးက စိတ်လွတ်ကိုယ်လွတ်။အချိန်ကညနက်လာသည်နှင့်အမျှ အားလုံးက ရေချိန်ကိုက်လာကြသည်။
BẠN ĐANG ĐỌC
Because //{Completed}
Truyện Ngắn#Zhanyi #Student life ရှောင်းကျန့်က ၀မ်ရိပေါ်ကို အရမ်းမုန်းနေတာ