Ep6

1.1K 99 18
                                    

" မင်းပြောခြင်တာက အပြင်မှာအခြေအနေမကောင်းတော့ဘူးလို့ ဆိုလိုတာလား "

" ဟုတ်ကပ် ဘော့စ်ကဘော့စ်ကို လာတွေ့တာကို မကြိုက်ဘူးဆိုလို့ အစ်ကိုအဲလက်စ်က ကျွန်တော်ကို လာတွေ့သွားတယ်...အပြင်က ခွေးတစ်ချို့ ပုန်ကန်ဖို့ ချောင်းနေကြတယ်လို့ ဘော့ စ်ကို ပြန်ပြောပေးဖို့မှာ သွားတယ် "

အုတ်နံရံကိုမှီထားရင်း မေးဖျား ချွန်ချွန်ကို လက်ဖြင့်ခပ်ဖွဖွ ပွတ်လိုက်လျှက် ထယ်ယောင်း တစ်ခုခုကို စဥ်းစားနေပြန်သည်

ကျယ်ဟန့်ကတော့ ထယ်ယောင်း၏ အဖြေကို စောင့်နေ
ရင်း ရေအပြည့်ဖြည့်ထားသော
ဇလုံထဲသို့ ပန်းကန်တစ်ချို့ကို ထည့်ကာ ထောင်သားတွေ၏ ပန်းကန်ကို ဆေးနေလေသည်

တာဝန်အရ အလှည့်အကျနဲ့ မလို့ ထယ်ယောင်းနဲ့ ကျယ်ဟန့်ပန်းကန်တွေ
ဆေးရပေမယ့် ထယ်ယောင်းကိုတော့ ဘာမှမခိုင်းဘဲ သူ့ဘာသာဒိုင်ခံလုပ်နေသည်

ပင်ပန်းလားဆို သူ့လိုလူမျိုးအတွက် ဒီလိုအလုပ်မျိုးက အိပ်နေရုံလောက်လေးဘဲ

သူ ဘော့စ်ကို အခုလို ရင်းရင်းနှီးနှီး စကားပြောခွင့်ရတာကိုဘဲ ကျေးဇူးတင်လှပြီ
သူ့ရဲ့ role model ကိုပြပါဆိုရင် ဘော့စ်ဘဲ
သူ ဘော့စ်လို သန်မာခြင်တယ် အရည်အချင်းရှိခြင်တယ် ဘော့စ်က တခြားလူတွေပြောကြသလိုဘဲ တစ်ခါတစ်လေ ကြောက်ဖို့ကောင်းပေမယ့် တစ်ခါတစ်လေကျ နွေးထွေးပြီးကြင်နာတက်တယ်

သူ့ကိုလည်း  မုန့်တွေပေးတယ် တစ်ခါတစ်လေ မြက်နုတ်ပေးရုံနဲ့ ဘောက်စူးတွေလည်းရတယ်

တစ်ချို့ လူချမ်းသာတွေကတော့ လူမြင်ကွင်းမှာသာကောင်းပြကြတာ ကွယ်ရာဆို လူလူခြင်းမတူသလိုမတန်သလို ဆက်ဆံကြတယ်

ဘော့စ်ကြတော့ အဲ့လိုမဟုတ်ဘူး ဘော့စ်လို
လူကောင်းတစ်ယောက် စီမှာအလုပ်လုပ်ရတာကျေနပ်မိတယ်

ကျယ်ဟန့် ပန်းကန်တစ်ချပ်တည်းကို ပင်ထပ်ခါထပ်ခါပွတ်လျှက် ထယ်ယောင်းအကြောင်းတွေးမိရင်း ပြုံးမိလေသည်

" ကျယ်ဟန့်...မင်း ဟိုဓာတ်တိုင်ကောင်
အကြောင်း တွေးနေတာလား "

You've reached the end of published parts.

⏰ Last updated: Oct 31, 2021 ⏰

Add this story to your Library to get notified about new parts!

YOU'RE MY UNIVERSEWhere stories live. Discover now