" ဘယ်သူလဲ ထွက်လာခဲ့စမ်း "
ကျယ်ဟန့် မြက်နုတ်နေရင်းတစ်ယောက်ယောက် နောက်ကွယ်ကနေချောင်းနေ မှန်း သိတာကြောင့် ခပ်အောအော အသံဖြင့် အမိန့်ပေးလိုက်တော့ သူ့ရှေ့သို့ လူတစ်ယောက် ချက်ခြင်း ရောက်လာသည်
ထိုလူသည် သူ့လို အရပ် ၅ပေ ၉လက်မထက်
ပိုမြင့်သည့် အရပ်ဖြင့် သူ့ရှေ့တွင်ရပ်လိုက်ကာသူ့အား မျက်တောင် မခတ်တမ်း ကြည့်နေလေသည်" မင်း ဘာလိုခြင်လို့ ချောင်းနေတာလဲ...ယောကျာ်းခြင်းဘဲ လိုခြင်တာရှိရင် ဒဲ့ပြောလိုက်.."
ထို့နောက် ထိုလူ၏ မျက်နှာ သည် သူ့အနား သို့ဖြည်းဖြည်းခြင်း ကပ်လာကာ သူ၏ လည်တိုင်ကို ပိုင်စိုးပိုင်နက်ဖြင့် ချုပ်ကိုင်လိုက်ပြီး နှုတ်ခမ်းသားတို့ကို စုပ်ယူနမ်းရှ်ိုက်လေသည်
ရုတ်တရပ်မလို့ အနည်းငယ် လန့်သွားပေမယ့် အသိပြန်ဝင်လာတော့ ထိုလူအား
ကျယ်ဟန့် စောင့်တွန်းလိုက်သည်အရှိုန်နည်းနည်းပြင်းတာကြောင့် ထိုလူလည်း မြေပြင်ပေါ်သို့ ထိုင်ရက်သား ကျကာ ဘာမှ ပြန်မတုံ့ပြန်ဘဲ သူ့အားကြည့်နေလေသည်
ကျယ်ဟန့်သည်လည်း ယောကျာ်းတစ်ယောက်ဖြစ်လင့်ကစား လေ့ကျင့်ခန်းပုံမှန်လုပ်သောသူမလို့ ကြွက်သားအပြည့်ဖြင့်
သန်မာလှသည်ထိုလူ လဲသွားမှ အပေါ်မှ တက်ခွကာ သူ့အားနမ်းသည့် ခပ်ချောချော မျက်နှာလေးအား အဆက်မပြတ် ထိုးလေသည်
" အရူးကောင်...ငါထောင်ထဲလာတာ ရည်းစားထားဖို့ မဟုတ်ဘူးကွ....မင်းအဲ့လောက် နှာဘူးကျရင် တခြားလူကိုသွားလုပ်ပါလား "
သူတို့ရန်ဖြစ်တဲ့ နေရာက လူအနည်းငယ်ရှင်းသည်မလို့ သူတို့ကိုမြင်သည့်
လူတစ်ချို့ကလည်း မသိသလို သာနေကြသည်
မဟုတ်ရင် ပြသနာတက်ရင် သူတို့ပါဒဏ်ပေးခံရအုံးမယ်မလား
အဲ့တာကြောင့် ထိုရန်ပွဲနှင့် ဝေးနိုင်သမျှ ဝေးတဲ့နေရာကို ပြေးကြသည်သူတို့နှစ်ယောက်ရဲ့ပုံစံသည် ရန်ဖြစ်နေတာနဲ့ မတူဘဲ ပြောစကားနားမထောင် သည့်လင်ကို မယားမှ လက်သီးနှင့်ထိုးကာ ဆုံးမနေသည့်ပုံစံမျိုးပင် ။
VOUS LISEZ
YOU'RE MY UNIVERSE
Fanfictionလူသတ်ရတာ ကြိုက်တယ် အဲ့လိုဘဲ ထိုလူသားရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာကို လည်း ကျွန်တော်ကြိုက်တယ် JeonJungKook 🔥 KimTaeHyung