Ep3

819 89 17
                                    


မနေ့ကဖြစ်ခဲ့သည့် ရန်ပွဲ ကိစ္စကြောင့် ထောင်၏ တန်းစီးလေးယောက် လုံး
ဂျောင်ကု အား ခေါ်တွေ့ကြလေသည်

ကျယ်ဝန်းလှသည့် အဆောက်အဦးထဲရှိ ထောင်သား အယောက် ၃၀၀၀ တွင် ထောင်မှူး မှ တန်းစီး အဖြစ် လူလေးဦးကိုရွေးထုတ်ကာ အရံအုပ်ချုပ်ခိုင်းလေသည်

တန်စီးတိုင်းသည် သူ့နေရာနဲ့သူ အရေးပါအရာရောက်သူများဖြစ်တာကြောင့် ထောင်သား အားလုံးက တန်စီးတွေရဲ့ အမိန့်ကိုပါနာခံရသည်

တန်းစီးလေးဦးလုံးသည် လူသတ်မှု ရိုက်နိုက်မှု တွေနဲ့ နေသားကျနေသည့်ဝါရင့် အကျဥ်းသားများဖြစ်၏

အခုလည်း တန်းစီးလေးဦးလုံးက ခေါ်တွေ့တာဖြစ်တာကြောင့် သူတို့ရဲ့နောက်လိုက် လူဆိုးလူမိုက်တွေပါ အဆင်သင့်ပါနေသည်
သူတို့ထဲမှ တန်းစီးတစ်ယောက်သည် ဂျောင်ကု ပုခုံးအား လက်ဖြင့် ဖိညှစ်လိုက်ပြီး မေးလေသည်

" မင်းပြောစမ်း...မနေ့က ရန်ပွဲက ဘယ်လိုစဖြစ်တာလဲ "

" သူတို့က ကျွန်တော် ကိုစော်ကားကြလို့.... ဟိုလူက ကူညီပေးတာပါ "

" မင်းသေချာလား...မင်းလိမ်ပြောရင် ဘာဖြစ်မယ်ဆိုတာ သိတယ်မလား "

" ကျွန်တော်မလိမ်ပါဘူးတန်းစီး...သူက ကျွန်တော်ကို ကူညီပေးလို့ ဒီလိုတွေဖြစ်ရတာပါ "

" ကောင်းပြီလေ...နောက်တစ်ခါရန်ပွဲ ဖြစ်လို့ မင်းတို့ နှစ်ယောက်ဘဲဆိုရင် ငါတို့အလွတ်ပေးမှာ မဟုတ်ဘူး ...သွားတော့"

" ဟုတ်ကပ်...ကျေးဇူးတင်ပါတယ်တန်းစီး "

ဂျောင်ကုလည်း သူ့ရှေ့တွင်ရပ်နေသည့် လူမှန်သမျှကို ဦးညွှတ်လ်ိုက်ပြီး ထိုနေရာမှ မြန်မြန် ထွက်လာလိုက်သည်

အကျဥ်း ထောင်လိုနေရာမျိုးက သူ့ထက်ငါ မိုက်ကြတဲ့ လူမျိုးတွေဘဲ နေတက်သည့်နေရာမျိုးမလား
သူကိုယ်တိုင်လည်း မရောက်ခြင်ဘဲ ရောက်လာသည့် နေရာမျ်ိုးလေ။

သူ၏ ငယ်ဘဝအမှတ်တရသည်လည်း ထောင်ထဲမှာသာ ကုန်ဆုံးသွားခဲ့တယ်
အခုလည်း ကံကြမ္မာကများ သူ့ဘက်သ်ို့ တစ်ခါလောက်ကြည့်ပေးခဲ့ရင် ထောင်ထဲကနေသူ ထွက်သွားခြင်တယ်

YOU'RE MY UNIVERSEDonde viven las historias. Descúbrelo ahora