" ဟေ့ကောင်လေး ရေလာချိုးတာလား "" သားကြီးကလဲကွာ ကောင်လေးက ရှက်နေအုံးမှာဖြင့်... ဘယ်လိုလုပ်မလဲ သူ့ပုံစံကြည့်ရတာ မိန်းမတွေလို ပျော့ပျော့နွှဲ့နွှဲ့နဲ့..."
** ဟားဟားဟား..ဟားဟားဟား**
နေ့ခင်းဘက် အပူရှိန်ကြောင့် ထယ်ယောင်း
အိပ်ယာပေါ်မှ ထကာ ရေချိုးဆောင်ဘက်သို့ ထွက်လာလိုက်သည်တစ်လမ်းလုံး တွင် သူ့လိုရေချိုးဆောင် ဘက်သွားနေကြသည့် လူတိုင်းကို မသိခြင်ယောင်ဆောင်ကာ သွားလိုသည့်နေရာကိုသာ ဆက်လျှောက်လေသည်
ပုံမှန်ဆိုရင် ထောင်သားအသစ်ဖြစ်လျှင် တန်းစီးသို့မဟုတ် ကိုယ့်ထက် ဝါရင့်သည့်ထောင်သားအကြီးအကဲတို့ က်ိုအမြင်ကြည်အောင်ရို့ကျိုးစွာ ဆက်ဆံရသည်
အခုလက်ရှိထယ်ယောင်းပုံသည် သူ့ထက်အကြီးတွေကို အရိုအသေမပေးသည့်အပြင် ရေချိုးဆောင်ကိုတန်းသွားတာကြောင့် တစ်ချို့ ထောင်သားများသည် မကျေနပ်စွာဖြင့် စိတ်ထဲတွင် သည်းခံနေရသည်
ထယ်ယောင်း ရေချိုးဆောင်ထဲရောက်တော့ တစ်ကိုယ်လုံးရှိ ဝတ်ထားသည့် အဝတ်များကို ချွတ်ချလိုက်ကာ ရေဗန်းအောက်တွင် တစ်ကိုယ်လုံးရေစိုအောင် ဝင်ရပ်နေသည်
ဆံပင်ထိပ်ဖျားမှ တစ်ဆင့် အောက်ခြေဖျားထိ ကျနေသော ရေ၏ အအေးဓာတ်ကို ခံစားရင်း စိတ်ပင်ပန်းမှုကိုပါ ဖြေဖျောက် ပစ်လေသည်
သူ၏ တောင့်တင်းလှပြီး အညိုရောင် သန်းနေသည့်ကိုယ်လုံးတွင်လည်း ဓားအရာ ဓားချက်တို့ စသည်ဖြင့် အမာရွှတ်ပေါင်းများစွာ ရှိလေသည်
ကျောနောက်ဘက် အလယ်တည့်တည့်
တွင် V ပုံစံ tattoo တစ်ခုကို ထိုးထားသည်၁၀ မိနစ်ကြာအောင် ရေချိုးပြီးနောက် သူ၏ ဗလာကျင်း ဖြစ်နေသော ခန္ဓာကိုယ်အောက်ပိုင်း ကို အဖြူရောင် သဘတ်စဖြင့် အရင်ပတ်လိုက်သည်
ပြီးနောက် ရေစိုနေသော ဆံပင်တ်ို့ကို သပ်တင်လိုက်ကာ ကြည်လင်ပြီး ခန့်ညားလှသည့် မိမိ မျက်နှာကို မှန်ထဲတွင် မြင်မိတော့ နှုတ်ခမ်းသားတို့ ကွေးတက် သွားသည်အထိ ထယ်ယောင်းပြုံးလိုက်မိသည်
ESTÁS LEYENDO
YOU'RE MY UNIVERSE
Fanficလူသတ်ရတာ ကြိုက်တယ် အဲ့လိုဘဲ ထိုလူသားရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာကို လည်း ကျွန်တော်ကြိုက်တယ် JeonJungKook 🔥 KimTaeHyung