" ဘာတွေ ချောင်းနေတာလဲ အချစ်လေး "နောက် ကျောဘက်မှ ထွက်ပေါ်လာတဲ့ အသံကြောင့် ကျယ်ဟန့် ကြက်သိမ်းပင်ထသွားသည်
ညကလည်းနက်နေသည်မလို့ သူ့အနောက်တွင်ရပ်နေတဲ့လူကို
သေချာကြည့်လိုက်တော့မှ ဟိုနေ့ကသူ့ကို နမ်းသွားတဲ့ ငဖောင်ရိုးကောင်ဖြစ်နေသည်ဒီကောင်က ဒီအချိန်ကြီးကျမှ ဘာလာလုပ်တာလဲ ။
သူက တော့ ဘော့စ်ကိုစောင့်ရှောက်ရမယ့်တာဝန်ရှိလို့... ဘော့စ်နဲ့တွေ့တဲ့တစ်ယောက်ကြတော့လည်း သူ့ဘဲနဲ့လာချိန်းတွေ့ရလို့လေ အဲ့ဒါဆို ဒီငဖောင်ရိုးကောင်ကကော။ကျယ်ဟန့်တစ်ယောက်အတွေး များနေတုန်းပင် အနှီလူသား ကရုတ်တရပ် ရင်ခွင်ထဲသို့
ဆောင့်ဆွဲလိုက်ပြီး ကျယ်ဟန့်အား သိမ်းကြုံးဖက်ထားလေသည်ထို့နောက် သူ့အား ဖက်ထားသည့်
ကုန်းကျွင်းအား စူးရဲစွာစိုက်ကြည့်လိုက်ရင်း ဒေါသတကြီး အော်ဟစ်ဆဲဆိုလိုက်တော့၏" မင်း သောက်ကျင့်မကောင်းတဲ့ကောင် "
" ခင်ဗျားကြီးနော်...အခုမှ စားပြီးနားမလည်တဲ့ ပုံစံမလုပ်ပါနဲ့..ဟိုနေ့ကဘဲ ထောင်သားတွေအားလုံးရှေ့ မှာ ကျွန်တော့်လို ဖြူစင်ရိုးသားတဲ့ကြာပန်းလေး ကိုနမ်းခဲ့ပြီးတော့ ...အွန့်..အွန်းး"
ကုန်းကျွင်း စကားပင်မဆုံးသေးပင် သူ၏ ပါးစပ်သည် လက်တစ်ဖက်ရဲ့ ပိတ်ထားခြင်းခံလိုက်ရသည်
ကျယ်ဟန့် မျက်မှောင်ကြုတ်လိုက်မိ၏ အနှီးလူသည်ကား ခန့်ညားပြီး ပျိုတိုင်းကြိုက်လောက်သည့် ရုပ်ရည်ကို ပိုင်ဆိုင်ထားသည့် လူဖြစ်သော်လည်း သူ့အား မထင်ရင်မထင်သလို ဖက်လိုက်နမ်းလိုက် လုပ်နေသည်ကို
ထူးဆန်းသည်ဟု ထင်မိသည်သို့ရာတွင် အရှေ့တွင် အနမ်းကောင်းနေကြသည့် ဘော့စ်တို့အတွဲသည်လည်း သူတို့၏ ဆဲဆိုနေသည့် အသံကိုတောင် မကြားဘဲ အချစ်တွေ ဖလှယ်နေကြသည်
အခန့်မသင့်လို့ ဘော့စ်တို့ ကစ်နေကြတာကို သူတို့ချောင်းမှန်းသာ ဘော့စ် သိသွားရင် သူအထောင်းခံရမှာကျိန်းသေတယ်
![](https://img.wattpad.com/cover/286408103-288-k71659.jpg)
ESTÁS LEYENDO
YOU'RE MY UNIVERSE
Fanficလူသတ်ရတာ ကြိုက်တယ် အဲ့လိုဘဲ ထိုလူသားရဲ့ ခန္ဓာကိုယ်ကို ထိတွေ့ရတာကို လည်း ကျွန်တော်ကြိုက်တယ် JeonJungKook 🔥 KimTaeHyung