Illegal Space-41(Regret)

1.6K 106 5
                                    

(Zawgyi)

အိမ်​အပြန်​လမ်းဟာတစ်​ယောက်​ထဲဆို တိတ်​ဆိတ်​လေ့ရှိ​ပေမယ့်​ဘေးနားမှာ သူရှိလျက်​နဲ့ တိတ်​ဆိတ်​သည်​က​တော့ အ​တွေး​တွေနဲ့နှလုံးသားကို အချိန်​တိုင်း နိုးထလာ​စေတယ်​။

အခုလဲ နှစ်​ယောက်​လုံးက သူစိမ်း​တွေလို တစ်​ယောက်​တစ်​နေရာစီစိုက်​ကြည့်​ရင်း အိမ်​ရှိရာဦးတည်​နေကြပြန်​တယ်​။

"သူ​ဌေးဒီအ​တောအတွင်းအဆင်​ပြေလား....."

Jungkookထို​မေးခွန်းရဲ့အ​ဖြေကိုမ​ဖြေ​ပေမယ့်​သူ့ရဲ့တိတ်​ဆိတ်​မှုကဘဲအ​ဖြေဖြစ်​နေမလား။

"ကျ​နော်​စဉ်းစားတိုင်း မွန်းကြပ်​လာတယ်​....ကျ​နော့်​ကြောင့်​အခုလို​တွေဖြစ်​လာတယ်​ဆိုတာကို​လေ...."

Jungkook taehyungကိုလှမ်းကြည့်​တာ အတိတ်​ကဖြစ်​ခဲ့တဲ့အရာ​တွေစီတစ်​ခဏခုန်​ကူးမိသည်​။နာနာကျင်​ကျင်​နှင့်​လက်​လွှတ်​ရပြီးမှ အခုလိုဘာမှမဖြစ်​သလို​နေ​နေရတာကလဲ​ငရဲတစ်​ခုဘဲ။

"Taehyung...."

Jungkookကို taehyungလှည့်​ကြည့်​ကာ သူ့စကားကို​စောင့်​နေသည်​။

"ငါ​လောကကြီးကထွက်​သွားခဲ့ရင်​လဲမင်း​ကြောင့်​ဖြစ်​သလို အခုလိုဆက်​ရှင်​နေတာကလဲမင်း​ကြောင့်​ဘဲ ဖြစ်​နိုင်​တယ်​...."

Taehyungရဲ့ရင်​ထဲ အမည်​မသိခံစားချက်​တွေဖြစ်​လာ​ပြီး ဘာမှပြန်​မ​ဖြေနိုင်​တော့ပါ။ပြသာနာဖြစ်​မှာကိုတားဆီးဖို့ကြိုးစားခဲ့​ပေမယ့်​သူကိုယ်​တိုင်​က ပြသာနာဖြစ်​နေခဲ့တယ်​ဆိုတဲ့အသိက နှလုံးသားထဲအထိဆွဲသွားသည်​။

အိမ်​ပြန်​ရောက်​သည်​အထိ taehyungဘာစကားတစ်​လုံးမှမဟနိုင်​ပါ။Jungkookကိုလှမ်းကြည့်​လိုက်​တိုင်း​တွေးမိသည့်​အ​တွေး​တွေဟာ အခုဆို taehyungကိုဒဏ်​ရာ​တွေ​ပေး​နေပြီ။

"​ကျေးဇူးပါလိုက်​ပို့​ပေးတာ....."

Jungkookက​တော့ taehyungကိုလှည့်​လဲမကြည့်​ဘာမှမ​ပြောဘဲ ကား​မောင်းထွက်​သွားသည်​။ကျန်​ရစ်​ခဲ့သူ taehyungအဲ့နားမှာဘဲရပ်​နေကာ jungkookရဲ့ကား မြင်​ကွင်း​ရှေ့က​ပျောက်​သွားသည်​အထိ ကြည့်​ရင်း ငိုင်​နေလျက်​။

"𝖨𝗅𝗅𝖾𝗀𝖺𝗅 𝖲𝗉𝖺𝖼𝖾"(𝖹+𝖴)Onde histórias criam vida. Descubra agora