(Zawgyi)
Jungkook taehyungအိမ်ရှေ့ရောက်သည်နှင့်ကားကိုထိုးရပ်ပြီး ခြံတံခါးဆီဦးတည်လာတော့သည်။bellတီးပြီး jinက ၀င်ခွင့်ပေးတာကြောင့်မတုန့်မဆိုင်းဘဲ အိမ်ထဲဝင်လာခဲ့တော့သည်။taehyungကတော့ ထိုအချိန်မှ သိ၍ အံ့သြစွာရပ်နေလျက်။
"Taehyung...."
"သူ-သူဌေး....."
Jin's pov
"ကဲကဲ ငါရှောင်ပေးမယ်အဖြစ်သည်း၂ယောက်...."
Jinလဲသူ့အခန်းဆီသူပြန်လာပြီး rmကို jungkookရောက်လာပြီဆိုတာ အသိပေးလိုက်သည်။
"သူဌေးက ဘာလို့လိုက်လာတာလဲ...."
Jungkookစကားမပြောသေးခင်မှာပင်taehyungရဲ့စိုထိုင်းထိုင်းဆံပင်၀ဲဝဲလေးကာ အသာအယာသပ်တင်ပြီး လည်ပင်းအားဂရုတစိုက်ကြည့်သည်။
"သူဌေး....."
"ငါ့ကိုဘာလို့ အခုလိုပေါက်ကရတွေပြောရတာလဲ kim taehyung...."
"ကျနော်...."
Taehyungကို ဆွဲယူကာ ရင်ခွင်ထဲထည့်ထားလိုက်သည်။အခုအချိန်မှာ jungkookရဲ့နှလုံးခုန်သံအား taehyungအတိုင်းသားကြားနေပြီဖြစ်သည်။ရေချိုးထားတာမကြာသေးတဲ့ taehyungဆီက ဆပ်ပြာနံ့သင်းသင်းလေးဟာလဲ jungkookအား စိတ်ပြေစေပြန်သည်။
ထိုနေရာမှာရပ်ကာထွေးပွေ့ထားကြသည်မှာ အတော်ကြာကြာပင်။
"သူ-သူဌေး...."
Taehyung jungkookလက်ထဲကအနည်းငယ်ရုန်းကာမေ့ကြည့်ရုံလောက်အကွာအဝေးနောက်ဆုတ်လိုက်သည်။ညမီး အ၀ါလေးသာထွန်းထားသည့်ဧည့်ခန်းထဲ taehyungရဲ့မျက်၀န်းလေးဟာတောက်ပလို့နေသည်။သူ့မျက်၀န်းလေးတွေကိုငေးကြည့်ရင်း jungkookအတွေးလွင့်နေပြန်သည်။
"နောက်ကျနေပြီတစ်ယောက်ထဲကားမောင်းလို့ဖြစ်ပါ့မလား...."
"မဖြစ်ဖူး...."
"ကျနော်rm hyungကို-"
"ငါတို့ရဲ့အခြေအနေကဘာလဲ ဘယ်လိုအခြေအနေရှိလဲဆိုတာ မင်းဖြေပေးပါလား....."
![](https://img.wattpad.com/cover/218322958-288-k641497.jpg)
KAMU SEDANG MEMBACA
"𝖨𝗅𝗅𝖾𝗀𝖺𝗅 𝖲𝗉𝖺𝖼𝖾"(𝖹+𝖴)