(Zawgyi)
☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎☟︎︎︎
Jungkookနဲ့taehyungတို့ ရုံးခွဲမှာ မနက်စာတောင်မစားဘဲ ဟိုချိန်းထားတဲ့နိုင်ငံခြားသားကိုစောင့်နေကြတယ်။
၁နာရီနဲ့လဲပေါ်မလာ ၂နာရီနဲ့လဲပေါ်မလာနောက်ဆုံး ဆိုင်တစ်ခါမှပြောင်းချိန်းလိုက်ရတယ်။အဲ့ဆိုင်ကိုတောင်အတော်ကြာမှရောက်လာတဲ့ နိုင်ငံခြားသား ကို jungkookဘယ်မြေမှရောင်းဖို့အစီအစဉ်မရှိတဲ့အပြင်လူသတ်မှုပါဖြစ်နေမည်။ဘေးက taehyungကစကားအပြောအဆိုကိုဝင်၀င်ဟန့်ပြီး အဆင်ပြေအောင်လုပ်ပေးနေရသည်။
နောက်ပိုင်း စာချုပ်စာတမ်း ကိစ္စအထိ taehyungသာဦးဆောင်ပြောပြီးလုပ်သွားရတယ်။jungkookပြောလိုက်တာစကားတိုင်းက ရန်ထဖြစ်ဖို့နည်းနေတာကြောင့်ပင်။နောက်ဆုံးတော့မြေအရောင်းအ၀ယ်အဆင်ပြေခဲ့တယ်။နိုင်ငံခြားသားပြန်သွားတော့ jungkookသူ့ဖုန်းကို စားသောက်ဆိုင်ရဲ့မှန်ပေါ်ပြစ်တင်သံက ဟိန်းခနဲ။
"လန့်တာ...."
"စောက်ရေးမပါတာ မင်းကဘာလို့အဆင်ပြေအောင်လိုက်လုပ်နေတာလဲ ချိန်းထားရင်ချိန်းထားသလိုမလာတဲ့ကောင်ကို ပညာပြလွှတ်ရမှာ....."
"သူဌေးကလဲ စိတ်လျော့ပါဦး အခုရောင်းပြီးပြီ အဆင်ပြေနေပီကို...."
တောက်ခေါက်ပြီးဆိုင်ထဲကပြေးထွက်သွားတဲ့ jkနောက်ကို taehyungမနည်းလိုက်ရသည်။ရုံးကကားနဲ့ ဟိုတယ်ပြန်ရောက်သည်အထိပင်။ဟိုတယ်ရောက်တော့လဲရေမိုးချိုးပြီး ညနေစာစားတာ taehyungမှာနေရခက်လို့သေတောင်သေချင်သွားရှာတယ်။ဒေါသမပြေတဲ့ jungkookကဘာကိုင်ကိုင်စောင့်အောင့်ပြီး ကလန့်တဲ့စကားတွေထထပြောတာကြောင့်ပင်။
"မနက်ဖြန်ပြန်မယ်....."
"ဗျာ....နောက်နှစ်ရက်နေဦးမယ်ဆို....."
"နေချင်ရင်နောက်လေးရက်ထပ်နေမယ်okလား"
Jungkookက မင်းနေနိုင်လွန်းလဲနေဆိုတဲ့သဘောနဲ့ ရက်ပါထက်တိုးလိုက်သည်။
YOU ARE READING
"𝖨𝗅𝗅𝖾𝗀𝖺𝗅 𝖲𝗉𝖺𝖼𝖾"(𝖹+𝖴)