Illegal Space-1(married without love)

8.2K 375 3
                                    

(Zawgyi)

"​ရော့ လက်​မှတ်​ထိုးလိုက်​....."

စားပွဲ​ပေါ်သို့ပစ်​တင်​​​ပေးလိုက်​သည့်​ လက်​ထက်​စာချုပ်​......

"​ကျေးဇူးပါကွာ....သားလက်​မှတ်​ထိုးလိုက်​"

"အ​ဖေ!သားမလုပ်​နိုင်​ဘူး​နော်​...."

မျက်​ရည်​​တွေကြားကငြင်း​နေတဲ့ သားဖြစ်​သူအားငဲ့ပင်​မကြည့်​........
ပိုက်​ဆံဟူ​သောအရာကိုသာ​ကျော်​မြင်​​နေသည်​။

ထိုအရာကို တရားကျစွာကြည့်​​နေတဲ့ သားအဖနှစ်​​ယောင်​အ​ရှေ့ကလူက စိတ်​ထဲတွင်​​လှောင်​ရယ်​​နေမှာအ​သေအချပင်​......

အကြိမ်​ကြိမ်​ငြင်းပါ​သော်​လဲ အ​ဖေ့ရဲ့စကားတစ်​ခွန်းက လက်​ထက်​စာချုပ်​​ပေါ်သို့လက်​ကို​ရောက်​သွား​စေသည်​။

သေချာတာကသူချစ်​တဲ့လူအားထိခိုက်​မှာစိုးရိမ်​တာ​ကြောင့်​ဘဲ......

ဒီလက်​ထက်​စာအုပ်​အား မျက်​ရည်​​တွေနဲ့ဖန်​တီးခြင်း......

ဖခင်​ဖြစ်​သူအား​ဒေါသမျက်​၀န်းနဲ့ကြည့်​ကာ မျက်​ရည်​​တွေသာကျ​နေမိ....

"ခင်​ဗျား ကုမ္ပဏီပြန်​အဆင်​​ပြေ​စေရပါမယ်​"

"​ကျေးဇူးဘဲကွာ....မင်းကယ်​လို့ သား​ရေအ​ဖေသွားပီ​နော်​....မဆိုးနဲ့ကြားလား"

ပုခုံးကိုတစ်​ချက်​ပုတ်​ကာထွက်​သွားတဲ့အ​ဖေ.....

ဖိခင်​တစ်​​ယောက်​ရဲ့နှုတ်​ဆင်​ခြင်းကအဲ့လိုလား....

သူစိမ်းလက်​ထဲအပ်​ကာ​နောက်​တစ်​ချက်​လှည့်​မကြည့်​ခဲ့ဘူး.....

"ငိုမ​နေနဲ့​တော့....."

နှစ်​သိမ့်​ချင်း​တော့မဟုတ်​ လူကြား​ကောင်း​အောင်​နှုတ်​ဖျားမှာရှိ​နေသည်​ကိုထုတ်​​ပြောလိုက်​ခြင်း...

"သူ့ကိုအိမ်​​ခေါ်သွား​တော့......"

အမိန့်​​ပေးသံနှင့်​အတူလူ၂​ယောက်​ရဲ့အ​နောက်​ကလိုက်​သွားရသည်​။

မျက်​ရည်​​တွေနဲ့ကိုယ့်​ဘ၀ကိုယ်​နာကျင်​​နေပုံရသည်​။

"𝖨𝗅𝗅𝖾𝗀𝖺𝗅 𝖲𝗉𝖺𝖼𝖾"(𝖹+𝖴)Donde viven las historias. Descúbrelo ahora