အခုတလောကျနော်တစ်ရက်မှအဆင်မပြေဘူး
ကျနော်တစ်ခုခုလိုအပ်နေသလို၊တစ်ခုခုဆုံးရှုံးလိုက်ရသလို
လိုအပ်နေတာဖြစ်ဖြစ်၊ဆုံးရှုံးလိုက်ရတာဖြစ်ဖြစ်
ရှိမနေတော့တာကတော့အသေအချာပဲ
ရှိနေခဲ့ဖူးလားဆိုတော့ရှိနေခဲ့ဖူးတယ်ပေါ့
ဒီလူဟာအမြဲတမ်းအနားမှာရှိခဲ့တယ်
အသက်ရှင်စေခဲ့တယ်၊နွေးထွေးစေခဲ့တယ်
ပျော်ရွှင်စေခဲ့တယ်
လူသားဆန်တဲ့မေတ္တာမျိုးကိုယူဆောင်လာပေးခဲ့တယ်
ကျနော်လည်းဒီလူအပေါ်ခင်တွယ်ခဲ့တယ်
ဒီလူအတွက်ဆိုပြီးအိမ်မက်လှလှလေးတွေကိုထည့်သိမ်းထားခဲ့ဖူးတယ်
ဒီလူနဲ့အတူဆိုပြီးခရီးရှည်တွေထွက်ဖို့စိတ်ကူးကြည့်ခဲ့ဖူးတယ်
ဒီလူပါပဲ
ကျနော့်အနာဂတ်planတွေထဲမှာပါဝင်ခွင့်ရတဲ့သူဟာဒီလူပါပဲ
ဒီလူဟာအကြောင်းအမျိုးမျိုးကြောင့်ကျနော့်အနားကနေထွက်သွားရတယ်
ကျနော်ကတော့အကြောင်းအမျိုးမျိုးကြောင့်ကျန်ရစ်ရတယ်
reasonကိုမေးလာတဲ့အခါအကြောင်းအမျိုးမျိုးကြောင့်လို့ပဲကျနော်ဖြေမယ်
အနာဂတ်နေ့ရက်တွေကမသေချာမရေရာပေမယ့်လည်းကျနော်ကတော့ယုံကြည်တယ်
အချိန်ဆိုတာကကြားခံmediumတစ်ခုသာသာပဲဖြစ်လိမ့်မယ်
psychokinesisအရအရာဝတ္ထုတွေကိုတောင်ရွေ့ပြောင်းစေနိုင်သေးတာပဲ
တကယ်စိတ်အားထက်သန်တဲ့သူတွေဟာလည်းနီးကိုနီးနိုင်ကြလိမ့်မယ်
လူတွေရဲ့willpowerကိုကျနော်ယုံတယ်
ပြီးတော့
ဒီလူကိုလည်းယုံတယ်။