မင်းပြောသလိုနေသားကျအောင်နေဖို့ဆိုတာ
မင်းကိုမေ့ပစ်စရာမှမလိုတာ
မင်းကိုစချစ်ကတည်းက
တစ်ချိန်ချိန်ကျမေ့နိုင်မယ့်ချစ်ခြင်းမေတ္တာမျိုးကို
ငါရွေးချယ်ခဲ့တာမှမဟုတ်တာ
ဒီလိုပဲပေါ့
လူဆိုတာကိုယ်စွဲလန်းတဲ့အရာကိုလုပ်ရင်းနေသွားကြတာမလား
မင်းလည်းသူ့ကိုချစ်ပေါ့
ငါကလည်းမင်းကိုချစ်နေရမှာပေါ့