အိုင်းစတိုင်းကပြောတယ်
ဂြိုလ်ပတ်လမ်းတေွဘဲဥပုံဖြစ်နေတာခုံးနေတဲ့စကြာဝဠာကြောင့်တဲ့
ဒါဆိုကိုယ့်အိမ်ပြန်လမ်းတွေမဖြောင့်တော့တာမင်းကြောင့်ဖြစ်မယ်
ကိုယ်ဟာgravityမဲ့နေတဲ့လူသားတစ်ယောက်လို
လွင့်ချင်ရာလွင့်၊ဖြစ်ချင်ရာဖြစ်။
နေပျော်စရာတွေမရှိတော့လူကနေမပျော်တော့တာအသေအချာပဲ
ကိုယ်ဟာဘယ်လိုစိတ်လှုပ်ရှားမှုမျိုးကိုမှခုံမင်မနေတော့ဘူး
ပျော်ရွှင်ရယ်မောတတ်တဲ့ကိုယ်ဟာကိုယ်မဟုတ်တော့သလို။
အချိန်နှင့်အမျှအရာရာဟာပြောင်းလဲသွားပေမယ့်
ကိုယ်ကတော့အဲဒီအခိုက်အတန့်လေးမှာပဲကျန်နေခဲ့တယ်
မင်းကတော့ပျော်ရွှင်မှုတွေနဲ့ရှင်သန်နေပေမယ့်
ကိုယ်ကတော့မင်းထားခဲ့တဲ့အဲဒီနေရာလေးမှာပဲရပ်တန့်နေခဲ့တယ်
ကိုယ်ဟာအဲလောက်အစွဲအလန်းကြီးတဲ့သူမှန်းမသိခဲ့ဘူး
ပထမဆုံးချစ်ဖူးတဲ့အချစ်တစ်ခုတည်းနဲ့ကိုယ့်မှာရှေ့ဆက်တိုးစရာချစ်ခြင်းမေတ္တာဆိုတာမရှိတော့ဘူး။
ကိုယ်ဟာဘဝတစ်လျှောက်လုံးမင်းတစ်ယောက်တည်းကိုပဲရပ်စောင့်ငေးမောရင်းနေထိုင်လာခဲ့တယ်နှင့်တူတယ်
အခုထိကိုယ့်မှာမင်းကလွဲပြီးမျက်နှာမူစရာဘာတစ်ခုမှရှိမနေခဲ့တာသေချာတယ်။
![](https://img.wattpad.com/cover/286609606-288-k801220.jpg)