ပင်လယ်ဟာအပြာရောင်ဆိုပေမယ့်
တစ်ချိန်ချိန်ကျမပြာတော့မှာလည်းဖြစ်နိုင်တာပဲလေ
ငါ့ဆီမှာတည်မြဲမယ်လို့ထင်ရတဲ့သူဟာ
ငါ့ဆီကရွေ့ထွက်သွားတယ်ဆိုတာသိလိုက်ပြီးနောက်....
တစ်ချို့အရာတွေရဲ့တည်ရှိနေမှုကိုငါအယုံအကြည်မရှိတော့ဘူး
ဒီညလင်းနေတဲ့ကြယ်လေးဟာနောက်ညမှာမတွေ့ရတော့တာလည်းဖြစ်နိုင်သလို
အရောင်စုံတဲ့သက်တန့်တွေဟာလည်းဒီလောကကြီးကနေလုံးဝပျောက်ကွယ်သွားနိုင်တာပဲလေ
အဲဒီလိုသဘာဝတရားတွေအပေါ်သံသယဖြစ်လာရတဲ့အထိ
တစ်စုံတစ်ယောက်ရဲ့ထွက်သွားခြင်းက
ငါ့ကိုအယုံအကြည်မဲ့စေခဲ့တယ်။