အဲ့နေ့က Winဘယ်သူ့ကိုရွေးလဲဟုတ်လား။ သေချာပေါက် ကျွန်တော့်ကိုပဲပေါ့။ သူ့ကောင်မက သူ့ကို ကျွန်တော်လောက်ဂရုစိုက်မပေးနိုင်ဘူးဆိုတာ Winကောင်းကောင်းသိတယ်လေ။"ဒီညတော့ ငါအမူးသောက်မယ်"
Winစိတ်ပြေလက်ပျောက်ဖြစ်ဖို့ ကျွန်တော်သူ့ကို Barကိုခေါ်လာလိုက်တာ။
"အမူးသောက်လို့မရဘူးလေ ဒီညအိမ်ပြန်ရအုံးမယ်"
"ဟုတ်သားပဲ ဒီနေ့က ဥပုသ်နေ့ဆိုတာ ငါမေ့နေတယ် "
ကျွန်တော်တို့နှစ်ယောက် မိဘအိမ်မှာမနေဘဲ အပြင်မှာနေကြတယ်ဆိုပေမယ့် ဥပုသ်နေ့ညနေတိုင်းတော့ အိမ်ပြန်ရပါတယ်။ မပျက်မကွက်ပေါ့။ ဒီနေ့လည်း ဥပုသ်နေ့ဆိုတော့ အိမ်ပြန်ခဲ့ရတယ်။
ဒေါက် ဒေါက်
တံခါးခေါက်လိုက်တော့ အမေက တံခါးလာဖွင့်ပေးတယ်။
"ဥပုသ်နေ့တော့ မသောက်ကြပါနဲ့ကွယ်"
"ပွဲတစ်ခုရှိလို့ နည်းနည်းလေးပဲသောက်ခဲ့တာပါ"
Winအစား ကျွန်တော်ကပဲ ဝင်ဖြေပေးလိုက်တယ်။ မုသားမပါ လင်္ကာမချောမို့လား။ မလိမ်ချင်ပေမယ့်လည်း လိမ်လိုက်ရတယ်။
"ဘိုးဘိုးနဲ့ဘိုးလေးတို့ကို သွားခေါ်လိုက် ထမင်းစားမယ်လို့"
"ဟုတ်"
ဖြေလိုက်တာက Winဆိုပေမယ့် သွားခေါ်တာကကျွန်တော်။ Winကို ထမင်းစားပွဲမှာပဲထိုင်နေဖို့ မျက်နှာရိပ်မျက်နှာကဲနဲ့ပြခဲ့ပြီး ကျွန်တော်ပဲသွားခေါ်လိုက်တယ်။
"ငါမနက်က အရွက်ကြော်တွေအစားများပြီး ရင်ပြည့်နေလို့ ညစာမစားတော့ဘူး လမ်းလျှောက်ထွက်လိုက်အုံးမယ် မိန်းမရေ"
"ကျုပ်လည်းလိုက်ခဲ့မယ်"
ဘိုးဘိုးနောက်ကို ဘိုးလေးပါလိုက်သွားတယ်။ ကျွန်တော်ကတော့ Winဘေးမှာ ဝင်ထိုင်လိုက်ပြီး ထမင်းစားလိုက်တယ်။ ကျွန်တော့်အရင်ထမင်းစားနေတဲ့ Winကိုကြည့်လိုက်တော့ ထမင်းစားချင်ပုံမပေါက်တာမို့ ကျွန်တော်ကပဲ အမေ့ကို
"မေမေ့ သားလည်းဗိုက်ပြည့်နေလို့ မစားတော့ဘူး Winလည်းအတူတူပဲ"
YOU ARE READING
၂၀၂၈(complete)