ဒီနေ့ မင်္ဂလာဝတ်စုံတွေ အစမ်းဝတ်ကြည့်ဖို့ နှစ်မိသားစုအားလုံး လူစုံတက်စုံ ဒီဇိုင်နာအမအိမ်ကို ထွက်လာခဲ့ကြတယ်။ အမျိုးသမီးတွေအတွက်အခန်းသက်သက် အမျိုးသားတွေအတွက်အခန်းသက်သက်မို့ လွတ်လွတ်လပ်လပ်ဝတ်ရတော့ဘအဆင်ပြေတာပေါ့။ ဘိုးဘိုး ဘိုးလေးနဲ့ အဖေကတော့ သူတို့ဝတ်စုံဝတ်ပြီးလို့ ထွက်ကုန်ကြပြီ။ ကျွန်တော်နဲ့Winပါ အခန်းထဲကျန်နေခဲ့တယ်။
မင်္ဂလာဆောင်မယ့် သတို့သားက တိုက်ပုံဝတ်နေတာမပြီးတော့ဘူး။ ဟိုနေ့ကကိစ္စဖြစ်ပြီးတည်းက ကျွန်တော်Winနဲ့မျက်နှာချင်းမဆိုင်ဖြစ်တာတောင်ကြာပြီလေ။ Winကတော့ စကားလာလာပြောပါတယ်။
Winက အကြောင်းအရာတစ်ခုကို အချိန်အကြာကြီး မှတ်ထားလေ့မရှိပေမယ့် ကျွန်တော့်ဘက်ကလွန်ထားတာမို့ မျက်နှာမပြဝံ့တာပါ။
Winဆိုတာ သူမှားရင်သာ စိတ်မကောင်းတွေဖြစ်ပြီး သတိရတိုင်းတောင်းပန်တတ်ပေမယ့် သူများမှားနေရင်တော့ အကျိုးအကြောင်းသင့်ရင် ခဏလေးနဲ့ခွင့်လွှတ်တတ်တာမျိုး။ အတေးအမှတ်လည်း မထားတတ်သူ။
"၁လလောက်နေရင်ပဲ မင်္ဂလာဆောင်တော့မယ် ခုချိန်ထိ တိုက်ပုံမဝတ်တတ်သေးဘူးလား"
"ဝတ်တတ်ပါတယ်ကွ ခုကတိုက်ပုံအသစ်မို့ ကြယ်သီးကကြပ်နေလို့ပါ"
"နက်ခ်တိုင်ရောချည်တတ်ပြီလား"
"မင်းရှိတယ်လေ"
ငါကဘယ်အချိန်ထိ မင်းဘေးမှာ ရှိနေနိုင်မှာလဲ။ ခုတောင် မင်းနဲ့ငါက ဝေးမှန်းမသိ ဝေးနေတာကို။ နောက်ဘယ်အချိန်ထိများ မင်းနဲ့ငါက အတူရှိနေနိုင်မှာလဲ။
"ဟုတ်ပါပြီဗျာ"
"ခုလောလောဆယ်တော့ မင်းဝတ်စုံဝတ်လိုက်အုံး အခန်းထဲမှာ မင်းနဲ့ငါပဲရှိတော့တယ် အပြင်မှာလူကြီးတွေစောင့်နေကြရောပေါ့"
ကျွန်တော်ကမြန်ပါတယ်။ အချိန်ခဏလေးနဲ့ဝတ်လို့ပြီးသွားတယ်။ Winနဲ့ကျွန်တော်က ဝတ်စုံချင်းအတူတူပဲ။ အရောင်ရော ဒီဇိုင်းရောအားလုံးအတူတူပဲ။
မသိရင် လိင်တူစုံတွဲတွေ မင်္ဂလာဆောင်ဝတ်စုံလို့ ထင်ရလောက်တယ်။ Winနဲ့ခုလိုဝတ်စုံအတူတူဝတ်နေရတာကိုပဲ ပျော်နေရတဲ့ ကျွန်တော့်အဖြစ်ပါ။ ချစ်နေတော့လည်းလေ။
YOU ARE READING
၂၀၂၈(complete)