"ငါ့လုပ်ရပ်တွေကမှားပြီး သူ့လုပ်ရပ်တွေကမှန်ချင်မှန်နေလိမ့်မယ် ဒါပေမယ့် သူနဲ့ငါနှစ်ယောက်ထဲက တစ်ယောက်ကိုရွေး"ထိုစကားလေးပဲပြောပြီး ကျွန်တော့်လက်ထဲကို လက်စွပ်ဗူးထည့်ထားခဲ့ကာ မင်္ဂလာစင်မြင့်ပေါ်က ဆင်းသွားခဲ့တဲ့Bright။
ဒေါက် ဒေါက် ဒေါက်... ... ...
သူလာတုန်းက မကြားခဲ့တဲ့သူ့ရဲ့ခြေသံက သူထွက်သွားတဲ့အချိန်မှာ နားထဲပဲ့တင်ထပ်လောက်အောင် မြည်ဟိန်းနေတယ်။
ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ သူငယ်ချင်းနဲ့ချစ်သူ ဘယ်သူ့ကိုရွေးရမလဲ။
Brightထွက်သွားရာနောက် မျက်စိတစ်ဆုံးလိုက်ကြည့်နေတဲ့ကျွန်တော် ကျွန်တော့်ရှေ့ကTinnရဲ့စကားကိုကြားလိုက်တော့မှ အသိပြန်ဝင်လာတယ်။
"ရှင့်မှာရွေးစရာနှစ်ခုရှိတယ် ကျမအမှန်ပြောနေတာပါဆိုတာယုံပြီး သူလည်းမှန်နိုင်တယ်လို့ တစ်သက်လုံးတွေးရင်တွေး ဒါမှမဟုတ် သူကအမှန်တွေပြောနေပြီး ကျမကလည်းမှန်နိုင်တယ်လို့ ဆက်တွေးရင်တွေး"
Tinnပြောနေတာက ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူ(မ)ကို လက်မလွှတ်လိုက်ဖို့။
Brightကတော့ပြတ်သားတယ်။ နှစ်ယောက်တည်းက တစ်ယောက်သာလျှင်။
Brightက ကျွန်တော်နဲ့ မိသားစုကလွဲရင် ပြတ်သားတဲ့နေရာမှာ ဆရာတစ်ဆူဆိုတာကို ကျွန်တော်မေ့သွားတယ်။
ကျွန်တော်က ဖုန်းတစ်ချက်ဆက်ပြီး မင်းအခုပြန်လာခဲ့လို့ပြောလိုက်တာနဲ့ သူဘယ်နေရာရောက်နေနေ၊ ဘယ်လောက်အရေးကြီးတဲ့အလုပ်တွေ လုပ်နေနေ ကျွန်တော်ရှိရာဆီကို အပြေးရောက်လာတတ်တာပဲလေ။
ခုက ကျွန်တော်ပြတ်သားရမယ့်အချိန်။
"မင်းသိလားTinn အန်ကယ်နဲ့အန်တီဆုံးသွားတော့ ကိုယ်တို့၁၃နှစ်ပဲရှိသေးတယ် အဲ့တုန်းက ကိုယ်Brightဘေးမှာ၃ရက်လောက်နေပေးခဲ့ရတယ် သူမငိုလို့ပဲ သူသာငိုမယ်ဆိုရင် ကိုယ်နေနိုင်မှာမဟုတ်ဘူး ၄ရက်မြောက်နေ့မှာတော့ သူငိုတယ် ကိုယ့်ကိုဖတ်ပြီးငိုတယ် ၃နာရီဆက်တိုက်ငိုတယ် ကိုယ်လည်းဘယ်သူမှဝင်မလာနိုင်အောင် တံခါးကိုသေ့ာပိတ်လိုက်တယ် အဲ့ဒီနောက်သူငိုပြီးအိပ်သွားရော အဲ့နေ့ကတည်းကစပြီး သူငိုတာတစ်ခါမှမမြင်ရတော့ဘူး "
STAI LEGGENDO
၂၀၂၈(complete)