Part-3(Uni+Zg)

243 14 0
                                    


ကောင်မလေးအိမ်ကနေ ပြန်ရောက်ကြတော့ ဘွားဘွားနဲ့ အမေ့ပါးစပ်ထဲမှာတော့ Tinnက ရေပန်းစားနေတော့တာပေါ့။ ကောင်မလေးဘယ်လောက်လှကြောင်း  ဘယ်လိုလိမ္မာယဥ်ကျေးကြောင်း ဘယ်မျှချစ်စရာကောင်းကြောင်းတွေ ပြောတာမနားတော့ဘူး။

"မြေးလေးကလည်း ပြောအုံးလေကွယ်"

"သားကဘာပြောရမှာလဲ"

"ဘာမှပြောစရာမရှိရင် အဆင်ပြေလို့ပေါ့"

"ဟုတ်တယ်လေ အကုန်အဆင်ပြေနေတာပဲ"

ဘွားဘွားရဲ့စကားကို အမေက ထောက်ခံပေးတယ်။ အတော်ကို သဘောကျနေကြတာပဲ။

"မင်းကရော Bright"

"သားဘယ်လိုထင်တုန်း"

အဖေနဲ့အမေက ကျွန်တော့်ကိုမေးလာပြီမို့

""သူ(မ)က Win ပထမဆုံးတွေ့တဲ့ကောင်မလေးလေ"

"အဲ့တော့"

"ပထမဆုံးတွေ့တဲ့ကောင်မလေးတိုင်း မကောင်းဘူးလို့ ဘယ်သူပြောလဲ"

ဘွားဘွားကသူကြိုက်ပြီဆိုရင် ဘယ်သူတားတားရတော့မှာ မဟုတ်။ ဒီကြားထဲအမေကလည်း

"မဝယ်ခင်တစ်ဆိုင်ပြီးတစ်ဆိုင်မေးရအောင် အမေတို့က စျေးဝယ်နေတာလည်းမဟုတ်"

"အမေကလည်း သားပြောချင်တာက သူ(မ)ကောင်းမကောင်းဆုံးဖြတ်ဖို့ ဘယ်သူနဲ့နှိုင်းယှဥ်မလဲပြောတာ"

"အဲ့လိုနှိုင်းယှဥ်နေရအောင် ကားဝယ်တာလည်းမဟုတ် ဘာနှိုင်းယှဥ်စရာလိုလဲ"

"ကောင်မလေးကို ကြိုက်လားမကြိုက်လားပဲပြော "

"သား စဥ်းစားလိုက်အုံးမယ်"

"အေးသားစဥ်းစားပြီးတာနဲ့ Winနဲ့ဆွေးနွေးပြီးရင် ပြော အမေတို့ကတော့သဘောကျတယ်"

ကောင်မလေးရဲ့အလှမှာမျောသွားတာ Winတစ်ယောက်တည်းထင်နေတာ ဘယ်ဟုတ်ပါ့မလဲ။ ဘွားဘွားနဲ့အမေလည်း ပါနေတာကို။ ကျွန်တော်လည်း အမေတို့အနား မနေချင်တော့တာနဲ့ Winကို

"သွားကြစို့"

"အင်း သွားစို့"

ကျွန်တော်နဲ့Winအခန်းထဲရောက်တော့ Winကိုနားချဖို့ စဥ်းစားရင်းနဲ့ အခန်းထဲမှာပဲ ဟိုလျှောက်ဒီလျှောက်လုပ်နေမိတယ်။ ကျွန်တော့်ကိုကြည့်ပြီး မျက်စိနောက်နေတဲ့Winက

၂၀၂၈(complete)Where stories live. Discover now