Extra(Uni+Zg)

424 22 0
                                    

"ဟိုနှစ်ကောင် မင်းတို့နမ်းနေတာကိုရပ်မှာလား ငါတို့ထွက်သွားပေးရမှာလား"

"ဘိုးလေးတို့ထွက်သွားပေး"

အနမ်းပေးတာကို ခဏရပ်ပြီး ဘိုးလေးကိုပြန်ပြောလိုက်တယ်။ တစ်ကယ်တော့ ကျွန်တော်ရှက်မိလို့ ဒီလိုပြန်ပြောမိတာပါ။ ကျွန်တော်တို့နမ်းတာတွေ့နေရတာပဲ ရှေ့ဆက်မတိုးဘဲ ပြန်လှည့်သွားကြပါလား။ ခုတော့ ကိုယ့်မြေးတွေမျက်နှာပူအောင် သက်သက်လုပ်နေတယ်။

"ကိုယ့်မိန်းမကိုယ်သွားနမ်းလေ ဘယ်နှယ့်ကြောင့် ငါ့မြေးကိုလာနမ်းနေရတာလဲ"

ကြည့် ဘိုးဘိုးက Brightကို သူ့မြေးတဲ့။ ဒါဆိုကျွန်တော်က ဘာဖြစ်သွားပြီလဲ။

"ဘိုးဘိုးတို့လာတာ ဘာလို့ငါ့ကိုမပြောတာလဲ"

နားနားကပ်ပြီး ကျွန်တော့်ကိုအပြစ်ဆိုနေတဲ့Win။

" ငါမင်းရဲ့ကျောကိုပုတ်နေတာပဲလေ မင်းပဲအရေးမလုပ်တာ"

ရှက်ရမ်းရမ်းပြီး ခုချိန်ထိ ကျွန်တော့်ကိုဖတ်ထားဆဲ။ ဘိုးဘိုးတို့ကလည်း ကျွန်တော်တို့အနားရောက်လာပြီမို့ Winပခုံးကိုကိုင်ပြီး လူချင်းခွာလိုက်ရတယ်။

"ဘိုးဘိုးတို့နှစ်ယောက်တည်းပြန်လာတာလား ဘွားဘွားတို့ရော"

"မင်းတို့အရှုပ်တွေ ရှင်းဖို့ကျန်ခဲ့တယ်လေ"

"ဟီး"

"လာရယ်ပြမနေနဲ့ မင်းကဘာအချိုးချိုးတာလဲ ဟင်"

"ဘိုးဘိုးကလည်း သားကဘာအချိုးချိုးလို့လဲ"

"ဘာအချိုးချိုးလို့လဲ ဟုတ်လား တယ် ငါလုပ်လိုက်ရ"

ဘိုးဘိုးက ရိုက်တော့မယ့်ဟန်နဲ့ လက်မြှောက်လိုက်တော့ ဇက်လေးပုသွားရှာတဲ့Win။ တစ်ကယ်မရိုက်မှန်းသိလို့ ငြိမ်နေလိုက်တာပါ။ ဘိုးဘိုးသာ တစ်ကယ်ရိုက်မယ်ဆို ကျွန်တော်က အစားဝင်ခံပေးလိုက်မှာ။

"ဘိုးဘိုးကလည်း Winကိုမပြောပါနဲ့ ဘိုးဘိုးတို့လည်း ဒီမင်္ဂလာပွဲကို ပျက်စေချင်နေတာပဲ မဟုတ်လား"

" မပျက်စေချင်ပါဘူး ဒီလိုငတုံးကောင်က အဲ့မိန်းကလေးလိုလည်တဲ့ကောင်မလေးမျိုးနဲ့ရမှ အတော်ရယ် မင်းနဲ့သာဆို မင်းကိုပဲနိုင်စားနေမှာ"

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 10, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

၂၀၂၈(complete)Donde viven las historias. Descúbrelo ahora