Chapter 15

189 12 0
                                    

Uni....

ဒီနေ့ဝမ်ရိပေါ်နဲ့ရှောင်းကျန့်တို့အိမ်ပြန်ရတော့မည်ဖြစ်သည်အယ်လီကအိမ်မြန်မြန်ပြန်လာခဲ့ပါသခင်လေးဆိုပြီးဖုန်းဆက်လာတယ်ဘာကြောင့်ပြန်ခဲ့ရမှာလဲပြောမသွားဘူး ဖြစ်နိုင်ရင်နောက်တစ်ပတ်လောက်ထပ်နေချင်သေးတာကို

"ကျန့်ထတော့လေကိုယ်အကုန်ပြင်ပြီးသွားပြီ"

ရှောင်းကျန့်လဲအိပ်ရာပေါ်ကနေကုံးထပြီးရေချိုးခန်းထဲဝင်သွားလေတယ်
သူတို့နှစ်ယောက်လုံးအကုန်ပြင်ဆင်ပြီးသွားတော့လေဆိပ်ကိုထွက်ခဲ့ကြတယ်

'phuketကြီးရေနောက်တစ်ခါငါပြန်လာရင်ကြိုဆိုဖို့မမေ့နဲ့နော်'
လေယာဥ်ပေါ်ကနေရှောင်းကျန့်တစ်ယောက်တည်းကြားနိုင်ရုံသာပြောလိုက်တယ်

"ကျန့်ခဏလောက်အိပ်ချင်အိပ်လေကိုယ်ရောက်ရင်နှိုးမယ်"

"အင်း"

လေယာဥ်ဆိုက်တော့လဲရှောင်းကျန့်ကမနိုးသေးသူမေ့သွားတာသူ့ကလေးကအိပ်ပျော်သွားရင်ဆင်နင်းတောင်နိုးမှာမဟုတ်ဘူးဆိုတာကို
ရိပေါ်လဲအသွားတုံးကလိုရှောင်းကျန့်ကိုယ်လေးကိုပွေ့ချီပြီးလေယာဥ်ပေါ်ကဆင်းလာခဲ့တယ်
****************************************

"သခင်လေးပြန်ရောက်လာပြီလား"

"အင်း"

"ဧည့်ခန်းထဲမှာပါ"

ရိပေါ်လဲသိပြီဆိုတဲ့ပုံစံနဲ့ခေါင်းငြိမ့်ပြလိုက်တယ်
ဧည့်ခန်းထဲရောက်တော့

"Alex..!!"

ရိပေါ်ရင်ခွင်ထဲကအကောင်ပေါက်ကအသံကြားလို့ထင်လှုပ်ရွလာလေသည်

"ဖွားဖွားတိုးတိုးပြောပါကလေးနိုးသွားမယ်"

ကျွတ်...ကျွတ်...ရိပေါ်လဲရှောင်းကျန့်ကိုကလေးချော့သိပ်သလိုသိပ်လိုက်လေသည်

"ကျွန်တော်သူ့ကိုအခန်းထဲသွားသိပ်လိုက်အုံးမယ်"
.
.
.
.
"ဖွားဘာလာလုပ်တာလဲ"

"ဘာလာလုပ်တာလဲဟုတ်လားAlexမင်းဟိုကိုမပြန်တော့ဘူးလား"

"ဟင့်အင်းကျွန်တော်မပြန်ဘူး"

"မင်းဒီမှာအကြာကြီးနေလို့မရဘူးလေ"
"ကျွန်တော်သူ့ကိုမစွန့်လွှတ်နိုင်ဘူး"

Deep[Completed] (U&Z)Where stories live. Discover now