Chapter 12

213 11 0
                                    

Uni...

"ကျန့်ထတော့လေPhuketသွားမှာဆိုလေယာဥ်ချိန်နီးနေပြီအိပ်ချင်ရင်လေယာဥ်ပေါ်ရောက်မှအိပ်တော့"

"အမ်ဟုတ်သားထပြီထပြီ ဟီး"

ခဏနေတော့ရှောင်းကျန့်နဲ့ရိပေါ်တို့ပြင်ဆင်ပြီးသွားလေတယ်နှစ်ယောက်သားရှပ်လက်ရှည်ခဲရောင်လေးနဲ့အောက်ကဘောင်းဘီအဖြူရောင်coupleဝတ်ဆင်ထားကြတယ်

"ဝမ်coupleကြီးလား"

"ကျန့်ကမဝတ်ချင်လို့လားဒီလိုဝတ်ထားမှကျန့်ကကိုယ့်အပိုင်ဆိုတာအကုန်လုံးသိမှာပေါ့"

"ဝမ်ကောကောကသဝန်တိုပြန်ပြီ"

"ချစ်လို့ကို"

"ဟုတ်ပါပြီသွားစို့"

လေယာဥ်ပေါ်ရောက်တော့ရိပေါ်နဲ့ရှောင်းကျန့်ကVipခန်းမှာစီးရတယ်

"ဝမ်ဘာလို့vipခန်းကြီး"

"တစ်ခြားသူတွေကျန့်ကိုမမြင်စေချင်လို့ပြီးတော့ဒီမှာကကိုယ်တို့နှစ်ယောက်ထဲဆိုတော့ပိုလွတ်လပ်တယ်လေ"

ရှောင်းကျန့်ခေါင်းသာခါလိုက်တယ်
သူ့ချစ်သူကသဝန်အရမ်းတိုတက်တဲ့အပြင်သူ့ကိုလဲအရမ်းချစ်လွန်းတယ်

"ကျန့်ခဏအိပ်ချင်အိပ်လိုက်လေကိုယ်ရောက်ရင်နှိုးမယ်"

"အိပ်ချင်ဘူးမုန့်စားမယ်"

"အင်းကလေး"

ရှောင်းကျန့်လဲမုန့်တစ်ထုပ်ကိုဖောက်ပြီးစားနေလိုက်သည်ရိပေါ်ကလဲမုန့်စားနေတဲ့သူ့ကလေးရဲ့နှုတ်ခမ်းတွေကိုနမ်းရှိုက်လိုက်သည်

မကြာပါဘူးရိပေါ်ပုခုံးပေါ်ခေါင်းလေးစောင်းကျလာလို့ကြည့်လိုက်တော့မုန့်ထုပ်ကလေးကိုင်ပြီးအိပ်ပျော်နေတဲ့သူ့ကလေးပါးစပ်မှာလဲစားထားတာပေပွလို့ရိပေါ်လဲလက်မလေးနဲ့သူ့ကလေးနှုတ်ခမ်းကိုဖွဖွလေးသုတ်ပေးပြီးတော့သူ့လက်မကိုပါးစပ်ထဲထည့်လိုက်တယ် ချိုလိုက်တာ

Phuketမြို့ကိုရောက်ပြီးလေယာဥ်ဆိုက်တဲ့အထိသူ့ကလေးကမနိုးသေးပေသူကလဲမနှိုးပေအိပ်ရေးမဝရင်ခေါင်းကိုက်လိမ့်မယ်

ရိပေါ်လဲ​ရှောင်းကျန့်ရဲ့ကိုယ်လေးကိုပွေ့ချီပြီးလေယာဥ်ပေါ်ကနေဆင်းလာခဲ့တယ်လေယာဥ်ကွင်းကလူတွေကကောင်လေးတစ်ယောက်ချီပြီးဆင်းလာတဲ့သူ့ကိုဝိုင်းကြည့်နေကြပေမယ့်ဂရုမစိုက်နိုင်သေးပါဘူးသူ့ကလေးနိုးသွားမှာစိုးသည်လေ
လေယာဥ်ကွင်းကနေVillaရောက်တဲ့အထိမနိုးသေးတဲ့ကလေးကြောင့်ရိပေါ်လဲမွေ့ရာပေါ်မှာသိပ်ပြီးသူကတော့ရေဝင်ချိုးနေလိုက်တယ်

Deep[Completed] (U&Z)Donde viven las historias. Descúbrelo ahora