Chapter 17

175 11 0
                                    

Uni...

ရှောင်းကျန့်အခုရောက်နေတာကရိပေါ်နဲ့အတူရှိခဲ့ဖူးတဲ့Phuketကမ်းခြေမှာပင်ဖြစ်သည်။
သောင်ပြင်ပေါ်မှာထိုင်ပြီးလက်ထဲမှာလဲဘီယာဘူးတစ်ဘူးနဲ့သူများတွေအမြင်မှာတော့အပန်းဖြေနေတယ်ထင်မှာပေါ့ရင်ထဲကအပူတွေကိုသူတို့မှမမြင်ရတာ

'Phuket ကြီးရေငါမင်းကိုပြောခဲ့တဲ့အတိုင်းနောက်တစ်ခေါက်ပြန်ရောက်လာပြီလေမင်းကတော့အရင်တစ်ခေါက်တုံးကလိုငါ့ကိုလှလှပပကြိုဆိုခဲ့ပါတယ်ငါကတော့အရင်တစ်ခေါက်ကလိုမပျော်ရွှင်တော့ဘူးငါ့မှာဒဏ်ရာတွေနဲ့'

လွန်ခဲ့တဲ့တစ်လလုံးလုံးရိပေါ်ဆီကထွက်ပြေးလာပြီးညကတည်းကယွီကောအိမ်မှာဘဲနေခဲ့တယ်ယွီကောကသူ့အပေါ်တကယ်ကောင်းတယ်ခြေထောက်ကဒဏ်ရာတွေကိုလဲဆေးထည့်ပေးခဲ့သလိုသူ့ရင်ဘက်ထဲကဒဏ်ရာတွေအတွက်လဲနှစ်သိမ့်ပေးခဲ့တယ်တစ်လလောက်အိမ်ထဲအောင်းနေပြီးတော့နောက်ဆုံးသောအမှတ်တရတွေပြည့်ခဲ့တဲ့phuketကိုတစ်ယောက်ထဲထွက်လာမိတယ်ယွီကောကိုတောင်အသိမပေးဘဲနဲ့ပေါ့
သူ့အရှေ့ကမြင်နေရတဲ့ပင်လယ်ကြီးကိုသူမုန်းတီးမိတာတော့ဝန်မခံချင်ဘဲဝန်ခံရလိမ့်မယ်ရိပေါ်သာလူသားတစ်ယောက်ဖြစ်ခဲ့ရင်ဒါမှမဟုတ်သူသာလူသားမဟုတ်ဘဲရေသူထီးဖြစ်ခဲ့ရင်နှစ်ယောက်သားပေါင်းဖက်နိုင်ကြမယ်မလား

"ချီးဘဲဝမ်ရိပေါ်မင်းငါ့ကိုဘာလို့လာမရှာရတာလဲ"

သူနာကျင်စွာအော်မိသည်ဒဏ်ရာတွေကမနာကျင်တော့တာမဟုတ်ဘဲဟိုးအနက်ရှိုင်းဆုံးတစ်နေရာမှာအနည်ထိုင်နေတာဆိုတာဘယ်သူကသိမှာလဲ

တစ်ဖက်ကဝမ်ရိပေါ်ကလဲသူထွက်သွားတဲ့နေ့ကစပြီးတစ်ပတ်တိတိလိုက်ရှာခဲ့ပါတယ်သူ့ကိုယ်ကအားအရမ်းနည်းပြီးစိတ်သွားတိုင်းကိုယ်မပါအိပ်ရာထဲဗုန်းဗုန်းလဲခဲ့ရတယ်
တကယ်လို့သူရှာတွေ့သွားရင်တောင်လူလုံးထွက်မတွေ့အဝေးကနေဘဲလှမ်းကြည့်နေမိမှာမျက်နှာချင်းဆိုင်မတွေ့ရဲတာထက်အဝေးကနေဘဲငေးကြည့်နေရရင်ကိုသူ့အတွက်လုံလောက်ပြီလေ
'ကိုယ်မရှိတော့ရင်လဲကောင်းမွန်စွာရှင်သန်ပါကိုယ့်ကလေး'

ရှောင်းကျန့်လဲလက်ထဲကဘီယာဘူးကိုအကုန်မော့သောက်လိုက်ပြီးခြောက်ကပ်စွာရီတယ်

Deep[Completed] (U&Z)Donde viven las historias. Descúbrelo ahora