Chapter 2

578 25 2
                                    

Uni
ရှောင်းကျန့်တစ်ယောက်ပျင်းပျင်းရိရိနဲ့နောက်ဆုံးတော့သူစာသင်ရမယ့်အခန်းထဲရောက်လာပါပြီ

'ဟူး..ငါလေးအခန်းရှာရတာပင်ပန်းလိုက်တာနောက်ဆုံးခုံမှာဘဲသွားထိုင်ပြီးအိပ်တာဘဲကောင်းတယ်'

ကျွီ (တံခါးဖွင့်သံ)

"ရား..ချောလိုက်တာသူကဒီအခန်းကိုကျတာလား..အမလေးငါရင်တွေခုန်လိုက်တာ"

ရှောင်းကျန့်လဲအိပ်နေရင်းဆူညံနေတဲ့အသံတွေကြောင့်ခေါင်းမော့ကြည့်လိုက်တော့

"မဂ်လာပါကျွန်တော့်နာမည်ဝမ်ရိပေါ်ပါဒီနှစ်မှပြောင်းလာတာပါ"

ရှောင်းကျန့်တစ်ယောက်ဆွံ့အသွားလေသည်ဆံပင်ရွေအိုရောင်လေးနဲ့ဖြူဝင်းတဲ့အသားရည်လေးကမြင်တဲ့လူတိုင်းကြွေလောက်စရာပင်အခန်းထဲကလော်စပီကာမတွေဘာကြောင့်အော်လဲအခုမှသိတယ်ဒါနဲ့ရင်းနှီးနေသလိုဘဲ

ဝမ်ရိပေါ်လဲရှောင်းကျန့်ရဲ့ရှေ့သုံးခုံမြောက်မှာဝင်ထိုင်လိုက်လေသည်

"Hi ဝမ်ရိပေါ်ငါ့နာမည်လီလီပါ"

"အင်း"

ဘာလဲဟအင်းတစ်လုံးဘဲလားငါဒီလောက်နှုတ်ဆက်နေတာကိုနည်းနည်းပါးပါးတော့ပြန်ပြောပေးသင့်တာပေါ့

"ရိပေါ်အကူအညီလိုရင်လီ့ကိုပြောနော်အကုန်ကူညီပေးမယ်"

"ရတယ်မလိုဘူး"

ရိပေါ်ကတော့သူ့ကိုလာရောနေတဲ့ကောင်မလေးထက်နောက်ဆုံးခုံမှာမှောက်အိပ်နေတဲ့တစ်ယောက်ကိုသာစိတ်ရောက်နေသည်

"အပျင်းကြီးလိုက်တာ"

"အမ်ဘာပြောလိုက်တာလဲ"

ရိပေါ်စိတ်ထဲတွေးနေတာလွန်သွားပြီးပါးစပ်ကထွက်ပြောမိသွားတယ်ထင်သည်ဘေးကလီလီကဘာပြောလိုက်တာလဲလို့ပြောမှသူ့ပါးစပ်ကထွက်သွားမှန်းသိတော့သည်

"ဘာမှမဟုတ်ပါဘူး"

ဒီလိုနဲ့ထမင်းစားချိန်ကိုရောက်တော့အတန်းထဲကလူအကုန်လုံးမရှိတော့မှရိပေါ်လဲအပြင်ထွက်မလို့ထလိုက်ပြီးနောက်ဆုံးခုံကိုလဲလှမ်းကြည့်လိုက်မိသေးတယ်

Deep[Completed] (U&Z)Donde viven las historias. Descúbrelo ahora