- 5 -

293 51 14
                                    

ပွဲတော်နေ့။ သခင်လေးနဲ့အတူတူပထမဆုံးအကြိမ်ဖြတ်သန်းရမယ့်ပွဲတော်နေ့။ ပျော်တယ်ဆိုတာထက် စိတ်လှုပ်ရှားမှုတို့ပိုကဲနေသည်ဟုပြောရင်ပိုမှန်မည်ထင်သည်။ ထိုသို့ပိုကဲရခြင်း၏အကြောင်းကလည်း သခင်လေးရဲ့စာကြည့်စားပွဲပေါ်တွင် အမှတ်မထင်တွေ့ခဲ့ရသော အနီရောင်သေတ္တာလေးနဲ့ ထိုအထဲတွင်ရှိနေသည့် ရွှေရောင်လက်စွပ်လေးနှစ်ကွင်းနဲ့များစွာသက်ဆိုင်နေပါသည်။

ဦးလေးနမ်တို့ဆီသွားဖို့ကြိုတင်စီစဉ်ခဲ့ခြင်းနှင့်တိုက်ဆိုင်စွာ သခင်လေးအခန်းထဲတွင်ရောက်နေသော ထိုပစ္စည်းတို့မှာ တစ်ခါမှစိတ်ကူးမယဉ်ဖူးခဲ့သော လက်ထပ်ထိမ်းမြားခြင်းကိုဦးတည်နေတာများလားဟု မရဲတရဲဖြင့် အခါခါတွေးမိနေစေသည်။

" ယွန်းဂီ အဆင်သင့်ဖြစ်ရင်သွားကြရအောင် "

" ဟုတ်ကဲ့ သခင်လေး "

ကလေးတွေလက်ဆောင်ပေးထားသည့် ပိုးထည်တွေထဲမှ အလှဆုံးအဖြူရောင်ပိုးထည်အင်္ကျီလေးကိုဝတ်ဆင်ပြီးထွက်သွားသောအခါ အချိန်တစ်ခုကြာအောင် ငေးမောစိုက်ကြည့်နေခဲ့သော သခင်လေးရဲ့မျက်ဝန်းတွေက နှလုံးသားရဲ့ဟိုးအတွင်းပိုင်းထဲအထိလှိုက်ဖိုသွားစေသည်။

" သခင်လေး သွားမယ်လေ "

" သွားတောင်မသွားချင်တော့ဘူး "

" ဘာဖြစ်လို့လဲဟင် "

" ဒီလောက်ကြွေရုပ်လေးလို လှပနေတော့ သူများတွေကလိုချင်တပ်မက်စွာဝိုင်းကြည့်ကြရင် သခင်လေးတော့ခက်ရချီရဲ့ "

" သခင်လေးကလည်း "

" နေဦး ခဏ "

စနောက်ပြောတယ်ထင်ထားသော်လည်း အမှန်တကယ်ပင်တွန့်တိုနေသူသခင်လေးက ဝတ်ထားတာနဲ့မလိုက်ဖက်သော ခမောက်ခပ်ကြီးကြီးကိုယူလာကာဆောင်းပေးလာခဲ့သည်။

" ဒီလိုမှ ဒီမျက်နှာလေးကို လူတွေအလွယ်တကူမမြင်နိုင်မှာ "

ကိုယ်တိုင်ဆောင်းပေးရင်းက သခင်လေးကသဘောတကျရေရွတ်သည်။ သခင်လေးသဘောကျနေလျှင် ယွန်းဂီကလည်းဘာနေနေကျေနပ်ပြီးသားပင်။

" သွားကြမယ်..ရွာကိုမသွားခင် တစ်နေရာဝင်ဖို့ရှိသေးတယ် "

" ဘယ်ကိုလဲ သခင်လေး "

All of my sinsWhere stories live. Discover now