- 8 -

220 38 15
                                    

" ဦးရီးတော်ဆုံးပြီ ဟုတ်လား "

" ပြောရမှာစိတ်တော့မကောင်းဘူး ဆော့ဂျင်..သူဆုံးတာသွေးရိုးသားရိုးမဟုတ်ဘူး အသတ်ခံရတာ "

" အမှန်ပဲလား! "

" ဟုတ်တယ် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့သူ့ရဲ့ရုပ်အလောင်းကို ချောင်းထဲကနေရှာတွေ့ခဲ့ကြတာ "

လူကြီးမင်းနိုရဲ့စကားကြောင့် ရင်ထဲမှာစူးအောင့်‌နာကျင်သွားရသလိုပင်။ ကိုယ့်အပေါ်မှာတစ်ခါလေးတောင်မှမေတ္တာစစ်မပေးခဲ့ဖူးပေမယ့် အဖေဆိုသောအသိကြောင့် စိတ်ထဲတော့မကောင်းနိုင်ပါ။

" ဆော့ဂျင်..ထူးဆန်းတာက မင်းဦးရီးတော်ကိုသတ်တဲ့သူနဲ့ လူကြီးမင်းဂျီကိုသတ်တဲ့သူက တစ်ယောက်တည်းပဲလို့ယူဆရတယ် "

" ဟုတ်လား ရုံးတော်မှာစစ်ဆေးမှုတွေ စလုပ်နေကြပြီလား "

" အင်းလုပ်နေကြပြီ..ဒီကိစ္စကိုခဏထား ငါလာရင်းကိစ္စက မင်းအရေးကိုပြောမလို့ "

" ဟုတ်ကဲ့ လူကြီးမင်း "

" မင်းကြီးကအခုလူသတ်မှု‌‌တွေကြောင့် မင်းကိစ္စအပေါ်အာရုံသိပ်မရှိတော့ဘူး.. မင်းအပေါ်တိုင်တန်းမှု‌တွေက တကယ်တမ်းစစ်ဆေးကြည့်တော့ သက်သေလည်းခိုင်ခိုင်လုံလုံမရှိတဲ့အကြောင်း မင်းကြီးကို တင်ပြ‌ပေးလိုက်တော့ ပြန်လွှတ်ပေးဖို့ကို သဘောတူလိုက်ပြီ "

" တကယ်လားလူကြီးမင်း..ဝမ်းသာလိုက်တာ "

လွတ်မြောက်တော့မယ်ဆိုတော့ ကလေးငယ်ကိုသာအရင်ဆုံးပြေးမြင်မိသည်။ ကိုယ့်စီလာတိုင်း တက်တက်ကြွကြွနဲ့သန်မာပြနေသောကလေးငယ်က မမြင်ကွယ်ရာမှာတော့ အနည်းနဲ့အများ ပြိုလဲနေရမယ်ဆိုတာ ခံစားကြည့်လို့ရပါသည်။

" မင်းရဲ့မူလရာထူးကိုပြန်ရဖို့လည်း ငါကြိုးစားပေးမယ် "

" ကျေးဇူးကြီးပါတယ်လူကြီးမင်း..ဒါပေမယ့် ကျနော်တစ်ခုပြောချင်တာရှိပါတယ်..ဒီတစ်ခေါက်အခွင့်အရေးမှာ ကျနော့်ရာထူးကို စွန့်လွှတ်လိုက်ပြီး ယွန်းဂီနဲ့ပဲ အေးချမ်းစွာနေတော့မလို့... "

" မဖြစ်ဘူး ဆော့ဂျင် "

ချက်ချင်းကြားဖြတ်တားမြစ်လာသည့် လူကြီးမင်းနိုရဲ့စေတနာကိုနားလည်ပါသည်။ ဘယ်သူမှကိုယ့်ဘက်မရှိသည့်အချိန်ကနေ အခုချိန်အထိ အင်အားတစ်ရပ်ဖြစ်ပေးခဲ့တဲ့ လူကြီးမင်းနိုက အခုလိုတားမြစ်ဖို့ရာအခွင့်အရေးရှိတဲ့သူပါ။

All of my sinsWhere stories live. Discover now