- 9 -

201 37 0
                                    

ရက်သတ္တပတ်အတော်ကြာမှ ပြန်ရောက်လာခဲ့ရသော စံအိမ်တော်ကြီးတွင် အရင်လိုအချစ်ရနံ့တွေ ထုံသင်းမနေတော့ပါ။

အဖြစ်မှန်ကိုမေးဖို့အမျှော်ကြီးမျှော်နေခဲ့ပေမယ့် ကလေးငယ်ကရောက်မလာခဲ့ပါ။ စောင့်နေခိုင်းခဲ့သော စံအိမ်ကြီးတွင်ပြန်လာရှာခဲ့ပေမယ့် အရင်ကလိုတဖဝါးမခွာစောင့်နေတတ်တဲ့ ကလေးငယ်ကမရှိတော့ပါ။

အဲ့ဒီအစား တစ်မြို့လုံးမှာ ကလေးငယ်ကိုဖမ်းဆီးမယ့် ပုံတူ၀ရမ်းစာရွက်တွေသာရှိနေကြသည်။ အရပ်ထဲတွင် တစ်ယောက်စကားတစ်ယောက်နားဖြင့် ကလေးငယ်ရဲ့သတင်းတွေသာ ပျံ့နှံ့နေကြသည်။

သိပ်တန်ဖိုးထားရတဲ့ နာမည်သုံးလုံးရှေ့တွင် ၀ရမ်းပြေးဆိုသော အကျည်းတန်မှုကို ဘယ်သူတွေကရိုက်နှိပ်ပေးခဲ့ကြတာလဲ။ ကလေးငယ်ကသိပ်ကိုအပြစ်ကင်းစင်တဲ့သူပါ။ တကယ်လို့ ကလေးငယ်မှာအပြစ်ရှိခဲ့တယ်ဆိုရင်တောင် ညံ့ဖျင်းတဲ့သခင်လေးကိုချစ်မိတဲ့အပြစ်တစ်ခုတည်းသာရှိတာပါ။

" ဆော့ဂျင်..မင်းဖြစ်အခုလိုနေနေတာကို ရပ်တန်းကရပ်သင့်ပြီ..၀ရမ်းပြေးတစ်ယောက်ကြောင့် မင်းဘ၀ကိုပါနစ်မွန်းခံတော့မလို့လား "

" ဟုတ်ပါတယ် အစ်ကိုဆော့ဂျင်ရယ်..ဒီလိုမျိုးမနေပါနဲ့တော့ "

" ယွန်းဂီက၀ရမ်းပြေးမဟုတ်ဘူး..ယွန်းဂီက ကျနော့်ဘ၀ပဲ "

" ဆော့ဂျင်!! ငါ မင်းကိုတော်တော်လူကဲခတ်မှားသွားတာပဲ..မင်းလိုကောင်မျိုးအတွက်နဲ့.. "

" ဖေဖေ တော်ပါတော့.. "

လူကြီးမင်းနိုနဲ့နိုအွန်းတို့ရဲ့ တစ်နေ့တစ်မျိုး ချော့တစ်လှည့် ချောက်တစ်လှည့်စကားတွေဟာ တစ်ခွက်ပြီးတစ်ခွက်မော့သောက်နေတဲ့ သေရည်ခွက်တွေကို ရပ်တန့်နိုင်စွမ်းမရှိကြပါ။  ဘ၀ကြီးတစ်ခုလုံးပျောက်ဆုံးသွားရသူဆီကနေ သူတို့ဘာတွေများမျှော်လင့်နေကြပါသလဲ။

ရူးမတတ်လိုက်ရှာနေခဲ့ပေမယ့် အပုန်းကောင်းသူလေးက သူ့သခင်လေးကိုတောင် ချွင်းချက်မထားပေးခဲ့ပါဘူး။ " ဘာကြောင့်လဲ ယွန်းဂီရယ် " " သခင်လေးရဲ့အချစ်ကိုမယုံကြည်တာလား ကလေးရယ် " ဆိုသော အတွေးတွေနဲ့သာ မနက်ကိုနိုးထပြီး ထိုစကားတွေကိုပဲ ညတိုင်းမအိပ်စက်နိုင်ရေရွတ်နေခဲ့ရသည်။

All of my sinsOnde histórias criam vida. Descubra agora