အခန်း၂ (uin & zg)

60 8 1
                                    

Uni

မျက်နှာကြပ်မှ ပန်ကာကခပ်ပြင်းပြင်းလည်နေ၏။အခန်းမီးရောင်ဝါဖျော့ဖျော့က တစ်ခန်းလုံးအတိမထွန်းလင်းနိုင်ပေ။
ဂျင်းအနက်ကို ဝတ်ဆင်ထားသော အသက်၂၀ဝန်းကျင် လူငယ်တစ်ယောက်သည် စားပွဲထိပ်၌ ထိုင်နေလျက် သူ၏ဘေးလက်တွင် တက်တူးအပြည့်နှင့်အသားဖြူဖြူဖြင့်နောက်ထပ်လူတစ်ယောက်ရှိသေး၏။ ဂျင်းအနက်နှင့်လူဆီမှ စကားသံထွက်ပေါ်လာလေသည်။

"အစ်ကိုအဂ္ဂမောင်အတွက် ဘယ်လိုဆက်လုပ်ကြမလဲ အစ်ကိုပျောက်နေတာ ၁ပတ်တောင်ကျော်နေပြီ"

"ငါလည်းမသိတော့ဘူး ဇော်အောင်ရာ ဘော့စ်ကပြန်ရှာမပေးဘူးတဲ့ ဟိုဘက်အဖွဲ့လက်ထဲရောက်နေရင်လည်း အစ်ကို့အတွက်မတွေးရဲစရာပဲ"

"ဟိုဘက်အဖွဲ့ကဖမ်းသွားရင်တောင် သူတို့ကဒီတိုင်းတိတ်တိတ်ဖမ်းထားမှာမှမဟုတ်တာ အစ်ကို့အသက်နဲ့သူတို့လိုချင်တာနဲ့ အလဲလှယ်လုပ်ကောင်းလုပ်မှာ...အခု သူတို့ဆီမှာ အစ်ကိုရှိမနေတာ သေချာတယ်"

"ဒါဆိုဒီအတိုင်း ဘော့စ်မသိအောင် မင်းရယ်ငါရယ် အစ်ကို့ကိုလိုက်ရှာရအောင်လား အစ်ကို့အမေဆက်သွယ်လာရင် ခရီးလွန်နေတယ်လို့ပဲပြောထားစို့"

"အင်း အဲ့လိုပဲလုပ်ကြတာပေါ့ အစ်ကိုအဂ္ဂနောက်ဆုံး ပစ္စည်းသွားတင်တာ တရုတ်နယ်စပ်မှာနော်"

"ဟုတ်တယ် အဲ့ဘက်ကနေ ဖြည်းဖြည်းချင်း စ စုံစမ်းရမှာပဲ"

အစ်ကိုတစ်ယောက်ဘေးကင်းလုံခြုံတဲ့ နေရာမှာရှိနေစေဖို့ ကျွန်တော်တို့မျှော်လင့်ပါသည်။

ဆေးတံကိုဖွာရင်း ဦးစိုင်းဆိုင်ခက်တစ်ယောက် စာရင်းစာအုပ်တွေတွက်ချက်နေ၏။ဘေး၌ ဦးစိုင်းဘိုလည်း ထိုင်လျက်

"ခေါင်းဆောင် ကျုပ်တစ်ခုလောက် ဆိုရို့မယ်"

"အင်း ပြောပ ဦးဘို"

"ယွန်းငယ်လေးအတွက် ဆရာခေါ်ဖို့ကိစ္စခက်ခဲနေတယ်လို့ကြားတယ်"

"ဟုတ်တယ် ဦးဘိုရာ...မြို့ပေါ်က ဆရာမတွေ အိမ်ခေါ်သင်ပေးမလို့စီစဥ်ထားပေမယ့် ဒီရွာကိုရောက်ဖို့အထိ တောင်တွေကိုဖြတ်လာရတဲ့လမ်းက တယ်ကြမ်းသကိုး အကြိုအပို့တာဝန်ယူမယ်ဆိုလည်း မရပါဘူးဗျာ ခက်လေစွ ဦးဘိုရယ်"

တောင်းတန်းများ၏အလွန် Where stories live. Discover now