အခန်း၁ (uni & zg)

461 17 1
                                    

Uni
' ကံကြမ္မာက ဖန်တီးပေးတဲ့
မထင်မှတ်သော တွေ့ဆုံခြင်းတွေက တစ်သက်လုံးစာ ဖြစ်သွားစေတတ်တယ် '

ပဲဆီနံ့သင်းသင်းလေးနဲ့ ကောက်ညှင်းပဲပုတ်ကြော်ပူပူက စားချင်စဖွယ်အတိ။ ခြံထွက်လက်ဖက်နှပ်ထားတဲ့ လက်ဘက်ရည်ကြမ်းပူပူက အငွေ့တစ်ထောင်းထောင်းရယ်နှင့်။ အိမ်ဝရံတာထပ်တွင် ကျွန်းခုံတန်းလျားများခင်းထားပြီး ထိုနေရာမှတစ်ဆင့် ဆောင်းရဲ့အငွေ့သက်ကို ခံစားလျက်။

"ဗျို့ ခေါင်းဆောင်ဗျ!"

အိမ်အောက်ထပ်ကနေလှမ်း၍ အပေါ်ထပ်ဝရံတာ၌ ထိုင်နေသော ဆေးတံသောက်နေသည့် ရှမ်းခေါင်းပေါင်းကြီးနှင့်သက်ကြီးပိုင်းလူကြီးအား အော်ခေါ်လိုက်လေ၏။

"ဝေ့ အမောင် ဘာကိစ္စတုန်း"

"လက်ဖက်ခြံနောက်ဘက်ရိုးထဲ လူဝင်လေပ ခေါင်းဆောင်!"

"ဘာ!!"

ထိုစကားကြောင့် ခေါင်းဆောင်ဆိုသော အသားဖွေးဖွေး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးများနှင့် လူကြီးမျက်နှာဝယ် အံ့အားသင့်မှုများအပြည့်။ သူ့ဘေး၌ကပ်လျက်ရှိနေသော သူ။ လက်ချောင်းဖွေးနုနုများမှတစ်ဆင့် တက္ကသိုလ်ဘုန်းနိုင်အမည်ပါ စာအုပ်ကို ကိုင်ဆောင်ထားသူ။ သူ၏ မျက်ရည်ကြည်လဲ့လဲ့ မျက်ဝန်းဝိုင်းဝိုင်းတို့မှ အထက်မျက်ခုံးပါးပါးတို့က ပင့်တက်ကာ အံ့အားသင့်မှုကို ဖော်ပြနေ၏။

"စိုင်းယွန်း!"

"ဗျ အဘ"

သူ၏ခေါင်းပေါင်းကို ဖြည်ချနေစဥ် ထိုင်နေလျက်ဂနာမငြိမ်ဟန် တစ်ခုခုကြံနေပုံပေါ်သော သားဖြစ်သူအခြေအနေအား အကဲခတ်မိ၍...

"တန်းလျားတစ်ဖက်က ဝါးတဲဆီ ခြေလှမ်းမယ်မကြံနဲ့ ခိုးသွားခဲ့ရင် အဘကြိမ်လုံးကြောင်းသိလေစွ"

"ဟ--ဟုတ် စိတ်ချပါ ကျွန်တော်မသွားပါဘူး"

သားဖြစ်သူ အထက်တန်းကျောင်းသားလေး စိုင်းယွန်းရဲ့ နှုတ်ခမ်းနီစွေးစွေးနှင့် ထိုအပြုံးနုနုအောက်မှကပ်လျက်ရှိနေသော မဟူရာရောင်မှဲ့နက်။ ထိုနှုတ်ခမ်းတို့ထံမှ စကားများကို သူယုံလျက် အခန်းထဲမှ ထွက်သွားလေ၏။

တောင်းတန်းများ၏အလွန် Where stories live. Discover now