အခန်း၃(uni & zg)

43 6 1
                                    

Uni

'ငယ့်ရဲ့ မျက်လုံးလှလှလေးတွေကို စိုက်ကြည့်နေရတဲ့အချိန်
ငယ့်အပြုံးချိုချိုလေးတွေကို ငေးကြည့်ခွင့်ရတဲ့အချိန်
ငယ့်ရဲ့ ဗမာသံဝဲဝဲလေးကို ကြားမိတဲ့အချိန်
သည်အချိန်တွေမှာ ငယ့်ကို အစ်ကိုချစ်မိတာ ကံကောင်းလိုက်လေခြင်းဆိုပြီး အထပ်ထပ်အခါခါတွေးနေမိတယ်'

"ယွန်းငယ်"

"ဟုတ် အဘ"

"ယွန်းငယ်အတွက် အဘ ဆရာရှာတွေ့ပြီ"

"တကယ်နော် အဘ! ဆရာတွေက ဒီလောက်အဝေးကြီးထိလာတယ်လားဟင်"

"အော်...ဆရာက တစ်ခြားသူမဟုတ် တစ်နေ့ကငယ်လေးကို ဆိုင်ကယ်နဲ့ပြန်လိုက်ပို့တဲ့ မောင်ဗမာဆိုသူ"

"ဟင် အဲ့အစ်ကိုက ဆရာလား"

"အဘလည်း သေချာမသိပေမယ့် သူက မြေပြန့်ကစာတတ်ပေတတ်မြို့သားဖြစ်လောက်မယ် ဦးဘိုလည်းပြောတယ်ပ...သူက ခြံထဲက ကလေးတွေကို ရံဖန်ရံခါ စာပြပေးတယ်တဲ့"

"အဘရယ် ကျွန်တော်ပျော်လိုက်တာ"

"အင်း အပြင်ကလူမဟုတ်တော့ အဘလည်းစိတ်ချတယ်လေ...ဒါပေမယ့် စိတ်ချတယ်ဆိုပြီး အရမ်းအရောတဝင်မနေနဲ့လေ ဆရာကဆရာ တပည့်ကတပည့်လိုနေ အဘပြောတာ နားလည်လေပ"

"ဟုတ် ကျွန်တော်နားလည်ပါတယ်"

စိုင်းယွန်းလေး စာသင်ရတော့မည်ဆိုသည့်အတွက် လွန်စွာ ပျော်ရွှင်နေပါ၏။

အဂ္ဂမောင်တစ်ယောက် ရာသီဥတုကအေးလည်း ရေမချိုး၍မဖြစ်။အတော်ကြာရင် ဦးဘိုရဲ့တောင်းဆိုမှုကြောင့် စိုင်းယွန်းဆိုသော ကလေးငယ်ကို စာသွားပြပေးရဦးမည်၊ အတိတ်ကအလုပ်ကိုင်ကို မမှတ်မိပေသိ ယခုလို စာသင်ပြရသည်ကို သူအတော်နှစ်သက်လှ၏။

ဝါးလုံးတွေပတ်ပတ်လည်ကာထားတဲ့ အများသုံးရေချိုးကန်မှာ ရေနွေးစပ်ကာ အဂ္ဂရေချိုးရန်ပြင်လိုက်၏။ ဝါးနံရံမှာချိတ်စွဲထာသော ကြည့်မှန်အသေးထဲမှတစ်ဆင့် မိမိကိုယ်ကိုပြန်ကြည့်ရင်း အဖြေရှာနေမိ၏။ ဝဲဘက်ရင်ဘတ်ပေါ်မှ အမာရွတ်၊ ညာနံကြားနေရာက အမာရွတ်နဲ့ ကျောပြင်ပေါ်က အမာရွတ်တွေသည် သူ ဘယ်ကနေရရှိလာတဲ့ ဒဏ်ရာများဖြစ်သလဲ။ သူ့ကိုယ်သူ ပြန်သံသယဝင်နေမိသည်က သူသည် လူကောင်းတစ်ယောင်ဟုတ်ပါ့မလား။ စာနှင့်အကျွမ်းတဝင်ရှိနေပြီး စာသင်ပေးရသည်ကိုနှစ်သက်သည့် သူ့ကိုယ်သူ ဆရာတစ်ယောက်ဟု ထင်မှတ်သော်လည်း ယခုလိုဒဏ်ရာဟောင်းများ မြင်တွေ့ရသည်မှာ သူသည် လူကောင်းတစ်ဦးဟုတ်ချင်မှသာ ဟုတ်လိမ့်မည်။

တောင်းတန်းများ၏အလွန် Where stories live. Discover now