အပိုင်း၅(uni & zg)

55 5 4
                                    

Uni

မင်းနာကျင်ရမှာထက် ငါ့နှလုံးသားကို စေတေးနိုင်ပါတယ်
မဖြစ်နိုင်လို့ ဝေးရတာက မချစ်ကြလို့မှမဟုတ်ပဲ ငယ်ရယ်

ပတ်ဝန်းကျင်အမှောင်ထုကြီးက ကြီးစိုးလျက်။ ညပိုးကောင်များနှင့် ဇီးကွက်၊လင်းနို့စသော ညပျော်အကောင်များရဲ့ အသံများမှာ တောအုပ်တစ်ခုလုံးကို ကြီးစိုးနေ၏။ မောဟိုက်စွာဖြင့် တည်ရာရာမဲ့စွာ သူပြေးလွှားနေမိသည်မှာ ရောက်တက်ရာရာ။
နောက်ကလူတစ်စုရဲ့ မီးရောင်တစ်လဲ့လဲ့ကို မြင်မိသည်နှင့် အားအင်ကုန်ခမ်းနေသော ခြေထောက်များကို မိုင်ကုန်အားတင်လျက် ဆက်လက်ပြေးလွှားနေမိ၏။ သစ်ပင်ကြီးတစ်ခုကို ခပ်ဝါးဝါးတွေ့မြင်လိုက်ရသည့်အတွက် ထိုနေရာ၏အကာကွယ်ယူလျက် ညအမှောင်ကိုအားကိုးကာပုန်းနေလိုက်ပြီး ခေါင်းတစ်ခုလုံးရဲ့ထိုးကိုက်နာကျင်နေမှုကို အန်တုနေရ၏။ မျက်လုံးပေါ်ကျလာသည့် ချွဲပစ်ပစ်အရည်တွေသည် တစ်စထက်တစ်စ များလာသည်မှာသေချာနေ၏။

"ဟို$%*သား ဘယ်ရောက်သွားတာလဲကွ!!!ဟျောင့်တွေ တွေ့အောင်ရှာကြစမ်း တောက်!...သူကများ ပစ္စည်းအတုလုပ်ပြီး ငါတို့ဆီက ငွေညစ်ချင်သေးတာတဲ့ ဒီ$*%တောင်းစား လေးကတာ့ တွေ့ရင် အမှုန့်ချေပစ်မယ်"

အနားနားက လူတစ်စုရဲ့ အသံတွေဝေးမသွားမချင်း ထိုနေရာတွင်သာ ပုန်းကွယ်နေလျက်-

"အမေ ကျွန်--တော် တောင်း--ပန်ပါတယ်"

နာကျင်မှုများစွာထဲကနေ ဖျစ်ညှစ်ထွက်ပေါ်လာသော စကားသံနှင့်-

"အမေ!!!"

အဂ္ဂချွေးများရွှဲစိုနေလျက် အိပ်ရာမှလန့်နိုးလာ၏။

"အိပ်မက်ဆိုးတွေလား...တကယ်နာကျင်နေရတဲ့အတိုင်းပဲ"

စိုင်းယွန်းအခန်းကနေ ညဥ့်နက်မှပြန်ထွက်လာပြီးနောက် မှေးခနဲအိပ်ပျော်သွားစဥ်မှာပဲ ရေရေရာရာမသိရတဲ့ အိပ်မက်တစ်ခုက ခြောက်လန့်နေ၏။ရုတ်တရက်ဆိုသလို ထိုးကိုက်လာတဲ့ခေါင်းကြောင့် အဂ္ဂလည်း ဘာမှဆက်မတွေးတော့ပဲ ရေထသောက်ကာ အိပ်ရာတစ်ဖန်ပြန်ဝင်လိုက်တော့ပါသည်။

တောင်းတန်းများ၏အလွန် Where stories live. Discover now