အခန်း၄(uni & zg)

166 3 1
                                    

Uni

-နှလုံးသားလေးထဲ စီးဝင်နေခဲ့ပြီ~~
-ရုန်းထွက်ဖို့ခက်တဲ့ တွယ်တာမှုလေးတွေ~~
-စွဲလမ်းရတဲ့ မင်းအချစ်များ~~
-အသက်ရှင်ခွင့်လေးလို~~
-ဖြစ်နေပြီလေ မင်းကသိရဲ့လားလေ~~

မီးမီးခဲရဲ့ အချစ်ကိုသိချိန်သီချင်းသံစဥ်က ဧည့်ခန်းအတွင်း၌ဖုံးလွှမ်းလျက်...

ကျွန်းသားစတီခုံပေါ်မှာ ထိုင်ရင်း ကြည်လင်မှုသိပ်မရှိတဲ့ တီဗွီဖန်သားပြင်ပေါ်က ပုံရိပ်ကို စိုင်းယွန်းတစ်ယောက် ထိုင်ငေးနေ၏။ အချစ်ကိုသိချိန် တဲ့ သီချင်းစာသားများက နားထဲကနေတစ်ဆင့် နှလုံးသားအထိပါ စီးဝင်နေလျက်။သူခံစားမိလိုက်တဲ့ သူ့အချစ်ကဖြစ်နိုင်ရဲ့လားဟု မေးခွန်းလည်းထုတ်မိနေပါ၏။ လူတစ်ယောက်က လူတစ်ယောက်အပေါ် အလိုလိုပေါက်ဖွားလာမိတဲ့ ခံစားချက်တွေမှာ အပြစ်မရှိဘူးမလား တစ်ယောက်တစ်ယောက်က အဖြေပေးနိုင်ရင်ကောင်းမည်။

"လုန်းလုန်း (ကြီးဒေါ်)"

မီးဖိုခန်းထဲမှာ ချက်ပြုတ်ပေးနေတဲ့ ဒေါ်နန်းမြင့်က စိုင်းယွန်းတို့အိမ်ရဲ့ အချက်ပြုတ်သန့်ရှင်းရေးတာဝန်ယူရသူ။

"အော် ယွန်းငယ် ဘာစားချင်လို့လဲ"

"လုန်းလုန်း ကျွန်တော့်ကို တုန်ယမ်းဆန်စီးလုပ်နည်းလေးသင်ပေးပါလား"

"ဟေ~ယွန်းငယ်စားချင်ရင် လုန်းလုန်းလုပ်ပေးမယ်လေပ"

"အမ်စိုင် (မဟုတ်ပါဘူး) ကိုယ်တိုင်လုပ်တတ်ချင်တာ"

"အော် ဟုတ်ပြီဟုတ်ပြီ....ဒီအရွက်လေးတွေပြီးအောင်သင်ပြီးရင် သင်ပေးမယ်နော် ခဏစောင့်"

"ဟုတ် ကျွန်တော်လည်း အရွက်ဝိုင်းကူသင်ပေးမယ်လေ"

အရာရာက မင်းအတွက်ဖြစ်တည်လာတဲ့အခါ ငါမဟုတ်တဲ့ငါကိုယ်တိုင်ကို ပြောင်းလဲလာတတ်ပြီ။

ညနေကောင်းကင်ယံက ပုစွန်ဆီရောင်သန်းနေလျက် အိပ်တန်းပြန်ငှက်တို့လည်း ပျံဝဲနေကြ၏။
ဦးဘိုရွာထဲခဏဆင်းနေတုန်း ခြံအနောက်ဘက်သို့ လူမသိအောင်ခိုးထွက်လာခဲ့တဲ့ စိုင်းယွန်း။ ဝါးအိမ်ငယ်လေးရှေ့ရောက်သည့်အခါ မျက်လုံးဝေ့ကာ သက်ဆိုင်သူ အစ်ကို့အား လိုက်ရှာမိ၏။

တောင်းတန်းများ၏အလွန် Where stories live. Discover now